Ep- 24 Un🔞

14.4K 285 13
                                    

"ခင်ဗျား ဝစီပိတ်ကျင့်နေတာလား "

တစ်လမ်းလုံးစကားမပြောတဲ့ ဘုန်းခရားကို ကားမောင်းနေတဲ့ သက်တံ့က မေးလိုက်တော့ သက်တံ့ကို အလိုမကျတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ အပြင်ကို ပြန်ကြည့်နေတော့ သက်တံ့လည်း ။

"ဘာလဲ ဟိုဂေဟာက ကစ်စကို ရှက်နေတာလား လင်ယောကျာ်းမို့လို့ လင်ယောကျာ်းပြောတာလေ ဘာရှက်စရာပါလဲ ခင်ဗျားက ဘာလဲ လူပျိုလုပ်ချင်နေတာလား"

"မင်း! စကားကို ဆင်ခြင်ပြော "

"အဲ့ဆို ဘာဖစ်နေတာလဲ ပြောလေ "

"ဘာမှမဖစ်ဘူး ပင်ပန်းနေလို့ မရစ်နဲ့ သက်တံ့"

"ခင်ဗျားက ပင်ပန်းနေတယ်ဆိုတော့လည်း ခြံနောက်ဘက်က ပန်းခြံကို ခေါ်သွားဖို့ စိတ်ကူးမရှိတော့ဘူး အိမ်ဘဲ တန်းပြန်ကြတာပေါ့"

ခြံနောက်က ပန်းခြံဆိုတော့ မျက်လုံးလေး လက်သွားတာကို သက်တံ့ကြည့်ပြီး နှုတ်ခမ်းတစ်ဖက် ကွေ့ညွန့်ပြီး ပြုံးမိလိုက်သည်။

"ခေါ်သွား ခုကောင်းသွားပြီး အဲ့ကိုဘဲမောင်းတော့ "

"ခင်ဗျားက ချက်ချင်းကြီးကောင်းသွားတာလား"

"အွန်း ငါက အဲ့လိုဘဲ အဲ့ပန်းခြံကိုဘဲ မောင်းကြလား"

သက်တံ့ ဘာမှမပြောတော့ဘဲ ခြံနောက်ဘက်က ပန်းခြံဖက်ကို မောင်းလာလိုက်သည်။

အဝါရောင်ပန်းခင်းကြီးနားရောက်တော့ သက်တံ့ ကားကို ရပ်လိုက်တော့ ကားပေါ်က ဆင်းသွားတဲ့ အဖြူရောင်အရိပ်ကလေး ။

"လှလိုက်တာ ဒီမှာ နေတာ တစ်လဖြင့်ပြည့်တော့မယ် ဒီလောက်လှတဲ့နေရာ ဒီမှာ ရှိမှန်းခုမှသိရတယ် "

ဆိုပြီး ပန်းခင်းထဲကို ဆင်းသွားတဲ့ ကောင်လေးနောက်ကို သက်တံ့လိုက်သွားလိုက်သည်။

ပြီးနောက် ထိုကောင်လေးနားရောက်တော့ ။

"ခင်ဗျား ပန်းကြိုက်တာလား"

"အွန်းဟုတ်တယ်"

သက်တံ့တို့ ဒီနေရာမှာ အကြာကြီး နေကြတယ် နေဝင်ဆည်းဆာအချိန်ရောက်လာတော့ ပန်း‌ပင်လေးတွေပေါ်မှာ လဲလျှောင်လိုက်ပြီး ကောင်းကင်းကြီးကို ကြည့်နေကြသည်။

 သက်တံ့🌈Where stories live. Discover now