Ep- 36 Un

13.2K 358 75
                                    

  အဖြူရောင် ပန်းခင်းကြီးရဲ့ အလယ် လှပတဲ့ ရောင်စုံ လိပ်ပြာ‌လေးတွေ တစ်ဖြူးဖြူးတိုက်နေတဲ့ လေပြည် ဒါဟာဘယ်လို နေရာမျိုးလဲ သက်တံ့မသိ သူဦးတည်ရာသာ လျှောက်နေမိသည်။

တစ်နေရာအရောက် ဂါဝန်အဖြူကို လေထဲဝဲခါ ဆံသားကို စည်းပြီး ကျော်ပေးရပ်ထားတဲ့သူမ။

"ဒီမှာ !"

သက်တံ့ထိုအမျိုးသမီးကို သုံးပေအကွာလောက်ကနေ လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့ အမျိုးသမီး ။

လှပပြီး ကျက်သရေ ရှိတဲ့ အမျိုးသမီး လိုပြောရမည်။ ပြုံးရောင်သန်စွာ လှည့်ကြည့်လာတဲ့ နှုတ်ခမ်းကနေ

"မင်း ပြန်ဖို့ အချိန်ကျပြီး"

" ကျတော်ပြန်ချင်ပြီး အိမ်ပြန်လမ်းရှာတာလည်း မတွေ့ဘူး ကျေးဇူးပြုပြီး အိမ်ပြန်‌လမ်းပြောပြပေးပါ"

"မင်း ပြန်တဲ့ အချိန်ကြရင် မင်းပြန်ရောက်သွားမှာပါ လမ်းရှာစရာမလိုပါဘူး  "

အမျိုးသမီးစကားကြောင့် သက်တံ့ အတော်ပျော်သွားသည်။

"ကျေးဇူးပါ"

"မင်းကို တစ်ခုပြောစရာရှိတယ် မင်းကလေးအကြောင်း"

"ကျတော် ကလေးဘာဖြစ်လို့လဲ"

"အရမ်းမစိုးရိမ်ပါနဲ့ ‌မင်းကလေးက မင်းနဲ့ အရမ်းတူမှာလို့ ငါက ပြောမို့ပါ တချို့အကျင့်တွေကပေါ့ မင်းသေချာ ထိန်းသိမ်စောင့်ရှောက်ပါ မင်းကလေးက မင်းအတိုင်းလာမှာ  "

ဒီအမျိုးသမီးစကားကို သူရယ်ချင်မိသွားသည်။ ဘာတဲ့ ' ကလေးက  မင်းနဲ့ တူမှာတဲ့' အဟက် ကိုယ်နဲ့မတူလို့ ဘယ်သူနဲ့ တူရမှာလဲ ။

"မင်းလှောင်ရယ်မနေနဲ့ ငါ့ကို "

ငါပြောတာကို သိသွားတာလား

"မင်းစိတ်ထဲက စကားတွေကို ငါကြားရတယ်"

"အွန်း မင်းက အတော်မိုက်သာဘဲ"

သက်တံ့ ရှက်ပြေပြေသာပြောလိုက်သည်။

"မင်းအချိန်ရောက်တော့မယ် နှုတ်ဆက်ပါတယ် သက်တံ့ရောင်ခြည်"

သူ့နာမည်ကိုပါ သိနေသည်မို့ သက်တံ့ ခဏတာ မင်သက်သွားမိသည်။

 သက်တံ့🌈Where stories live. Discover now