Ep- 25 U

8.9K 297 2
                                    

"မနက်ဖြန် ငါရန်ကုန်ပြမှာ"

သက်တံ့ခေါင်းတစ်ချက်ထောင်ကြည့်ပြီး။ဘာမှဆက်မပြောလိုက် ဘာလို့လဲဆိုတော့ သူလည်းမနက်ဖြန်ပြန်မှာလေ ။

"အကိုလေး ဒီမှာ ငွေသွင်းစာရင်းတွေ "

စာအုပ်တစ်အုပ်ကို သက်တံ့နားကို ချပေးလိုက်ပြီး ပြောလိုက်သည့် ကိုမင်းပုံက မျက်နှာကမကောင်းပေ ဘုန်းလည်သိချင်တာနဲ့ မေးဖို့ပြင်လိုက်သည်။

"ကိုမင်း နေမကောင်းဘူးလား"

"ဒီလိုပါဘဲအကိုလေးဘုန်းရယ် ဒီနေ့မနက်လေ ခြံနောက်က ပန်းခြံကို ပန်းဝယ်သူတစ်ယောက်ကို လိုက်ပြတာ ပန်းနောက်ဖက်နားမှာ ဘယ်က‌အကောင်တွေ ဖင်ကဇောင်မြောက်သွားလဲမသိဘူး အဲ့နေရာက ‌ပန်းပင်တွေလည်း လဲ‌ပြီး ပန်းတွေလည်အကုန်ကြွေနေတယ်လေ တကယ်ပါစိတ်ညစ်တယ်"

ကိုမင်းရဲ့စကားကြောင့် ခုနက လျှာကြောရှည်ပြီး‌မေးပြီး ခုမှ မျက်နှာတစ်ခုလုံးရဲပြီး ထမင်းသားအသဲသန်ငုံ့စားနေတဲ့ အရှေ့က လူကိုကြည့်ပြီး သက်တံ့ သက်ပျင်းတစ်ချက်ချလိုက်သည်။

"ဟင်းးးးး"

"ဟို......ဒေါ်ကြီး သာဝပြီး "

ထမင်းတောင်အရာမယွင်းသေးဘူး ဝပြီးဆိုပြီးပြောနေတဲ့ ဘုန်းကို သက်တံ့ မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။

"သားရယ် ထမင်းကဖြင့်အရာတောင် မယွင်းသေးဘူးလေ စားမကောင်းဘူးလား "

"ဟုတ် သားဗိုက်ပြည့်နေလို့ "

"အွန်းအဲ့ဆိုလည်း ဒေါ်ကြီး ပြီးရင် ဆေးလာတိုက်မယ်သား သွားနားတော့နော်"

"ဟုတ်ဒေါ်ကြီး"

ဆိုပြီး ဘုန်း ထွက်သွားမယ်အလုပ်။

"အဲ့ထမင်းကုန်အောင်စား ဘုန်းခရား "

ထမင်းစားခန်းတွင်အသံဟိန်းဟိန်းကြီးထွက်လာတော့ ဘေးကကိုမင်းနဲ့ဒေါ်ကြီးမှာ လန့်သွားပေမဲ့ ဘုန်းခရားဆိုတဲ့ လူသားကတော့ အရေးတောင်မလုပ်ဘဲ ထွက်သွားလေသည်။

"တောက်! ကိုမင်း! "

သက်တံ့အနားမှာရှိတဲ့ကိုမင်းကို သက်တံ့ထအော်ခေါ်လိုက်တာကြောင့် ကိုမင်း ကိုယ်လုံးကြီးက တုန်းခနဲပင်။

 သက်တံ့🌈Where stories live. Discover now