Ep-32 Zg

3.2K 66 0
                                    

  ဘုန်းတစ်ယောက် ကိုယ်ဝန်ရင့်လာသည်မို့ အမဖြစ်သူ မြန်းကို အိမ်ကို ခေါ်ထားရသည်။ ကိုယ်ဝန်ရင့်လာတဲ့ ဘုန်းက အရင်လိုစိတ်က သိပ့်မရှည်တော့ပေ၊ ထစ်ခနဲဆို လုပ်လိုင်ကိုင်လိုက်ရမှပေ၊ တခါတလေ ယောကျာ်းဖြစ်သူကိုလည်း ချွဲလည်း ချွဲတက်သလို ရန်လည် ရှာတက်သည်။

ခုလည်း ပေါက်ပေါက်ရှာရှာမေးခွန်း မေးနေသည်မို့ သက်တံ့ ခေါင်းကုတ်နေရသည်။

"ခင်ဗျားရာ ပေါက်ပေါက်ရှာရှာတွေ မမေးစမ်းနဲ့"

"ဘယ်နားက ပေါက်ပေါက်ရှာရှာဖြစ်နေလို့လဲ"

မုန့်တစ်ထုတ်ကို ကိုင်ရင် အလုပ်လုပ်နေတဲ့ သက်တံ့နားမှာရပ်ပြီး နှုတ်ခမ်းလေး ဆူထားသည်။

"ကျစ် ! ခင်ဗျားနော် တော်တော်ဆိုးနေပါလား "

"ဆိုးတော့ မင်းက ငြိုငြင်နေတာလား ဟမ်း!"

ဆောင့်အော်ပြီး မျက်ရည်တွေ ဝဲလာတဲ့ ဘုန်းကြောင့် သက်တံ့ ပျာယာခတ်သွားရ၏။

ဒီတိုင် ဝစီပါ ပါးစပ်က လွှတ်ခနဲ ထွက်သွားတာ ရှေ့က လူ ငိုဖို့ထိ ရည်ရွယ်တာမဟုတ်ပါ

ခါးလေးကို အသာ ထိန်းခိုင်ပြီး အနားကို ကပ်တော့ ရုန်းနေတဲ့ ကိုယ်လေးကို ငြိမ်သွားအောင် သိသိသာသာပူနေတဲ့ ဗိုက်လေးကို နမ်းလိုက်သည်။

"မဟုတ်ဘူးလေ ကျုပ်ပြောပြမယ် ခင်ဗျားရာ ဒီမှာ ခင်ဗျားမေးတဲ့ မေးခွန်းက 'ယောကျာ်းလေးတွေမှာ ပါတဲ့နို့က ဘာလုပ်ရအောင်လဲ'လို့မေးတယ်နော် ကျုပ်တခြားယောကျာ်းတွေတော့မသိဘူး ကျုပ်ယောကျာ်းခင်ဗျားရဲ့နို့ကတော့ ကျုပ်နဲ့ ကျုပ်ကလေးစို့ရအောင်ပါတာသိလား"

"ညစ်ပတ်တဲ့ ဟာတွေ ပါပြန်ပြီး"

"ဪ ခင်ဗျားမေးလို့ ကျုပ်ဖြေတာလေ ညစ်ပတ်ရောလား "

"ဒါပေမဲ့ မင်းက ပါးစပ်စည်းမရှိဘူး"

"အဟွန်း ခင်ဗျားနို့ကို ကျုပ်မစို့လို့လား ညာပြောနေတာမှ မဟုတ်ဘဲ စည်းစောင့်စရာလိုလို့လား "

သက်တံ့ စကားကြောင့် ရှက်သွားတဲ့ နီဆွေဆွေ မျက်နှာလေးကို ကွယ်ကာ မျက်မှောင်ကြီး ကြုတ်ပြီး သက်တံ့ကို ကြည့်နေသည်
' မင်းတက်လည်း တက်နိုင်ပါလား 'ဆိုပြီးပေါ့။

 သကျတံ့🌈Where stories live. Discover now