Ep-31 (U)

7.2K 288 8
                                    

"သွား! မလာနဲ့ ငါ့နားကို !"

ကုတင်ပေါ်ကနေ သက်တံ့ကို သူ့နားမလာဖို့ ဘုန်း မောင်းထုတ်နေတဲ့ သည်။ သူနိူးလာတော့ သူ့လက်ကို ကိုင်ပြီး ဆောင့်နေတဲ့ သက်တံ့ကို သူမြင်ပြီး သူစိတ်အေးသွားရသည်။ ဒါပေမဲ့ သူကိုယ့်တွက် ဘယ်တုန်းကမှမကြည့်ခဲ့ အဲ့ကောင်လေးသ တစ်ခုခုဖြစ်သွားရင် အပြစ်ပေးခံရမည့်သူက သူဖြစ်သည်ကို သက်တံ့မသိတာလား။

"ကျုပ်ဘာလုပ်လို့ ခင်ဗျားက အတင်းမောင်းထုတ်နေတာလဲ!"

"ငါမင်းနဲ့စကားမပြောချင်ဘူး ခုချက်ချင်းအခန်းထဲက ထွက်သွား သက်တံ့!"

"ဟျောင့် ခွေးသား လူလိုနားမလည်ဘူးလား ထွက်သွားလေ ဘာလုပ်နေတာလဲ "

ကုတင်ခြေရင်းမှာ ရပ်နေတဲ့ သားဖြစ်သူကို ဦးမာန ပြောလိုက်သည်။ ဘုန်းကို ကြည့်လိုက်တော့လည်း မျက်နှာကို ဘေးလွဲထားသည်။

"မထွက်သွားဘူး ဒါကျတော်တို့ အတွင်းရေးကစ်စမို့ ဖေဖေတို့သာ ထွက်သွားပါ "

အသံကို အနည်းငယ်တင်းပြီး သက်တံ့ပြောလိုက်သည်။

"ဘာ! ဒီခွေးသားတော့!"

"အကို ! သားပြောတာမှန်တယ် မြန်းတို့ ပြန်ရအောင် အကိုအရစ်မတက်နဲ့ "

ဘေးက မြန်းက ထပြောလိုက်သည်။

"မြန်း! ကိုယ်!"

ဦးမာန ဇနီးဖြစ်သူ ဆွဲခေါ်မှုနောက် မပါချင်ဘဲပါသွားရပြန်သည်။

"ဘာလို့ ကျုပ်နဲ့စကားမပြောချင်တာလဲ "

"....."

"ခင်ဗျားကို ကျုပ်ပြောနေတယ်လေ ကျုပ်ကိုမကြည့်ဘဲ ဘေးကို ကြည့်နေတာလဲ အဲ့ဘေးမှာ ခင်ဗျားလင်မရှိဘူး!"

"....."

"ကျစ်!"

စုတ်တစ်ရက်သတ်ရင် ‌ဘုန်းမျက်နှာလွဲထားတဲ့ ဘက်ကို သက်တံ့သွားလိုက်သည်။

"ပြော! ဘာဖြစ်နေတာလဲ"

သက်တံ့ပခုံးကို ကိုင်ပြီး မေးလိုက်သည်။

"အရာရာငါပြောမှ မင်းသိမှာလားသက်တံ့"

"ခင်ဗျားမပြောဘဲ ကျုပ်သိရအောင်ကျုပ်က အကြားမြင်မှမဟုတ်ဘဲ"

 သက်တံ့🌈Where stories live. Discover now