29🔞

29.7K 2.6K 452
                                    

{ ဒီအခန်းသည် ၁၈နှစ်မပြည့်တဲ့ကလေးတွေလုံဝမဖတ်သင့်ပါဘူးနော်။ }

"ခဏလေး ပြီး ..ပြီးမှနမ်း  ။ ဦးလေးထွန်းကို သွားပြောလိုက်ဦးမယ်။"

မေးဖျား၌ တွန်းတင်ထားတဲ့ လက်ချောင်းလေးကို တစ်ချက်ငုံ့ နမ်းလိုက်ပြီး သွားဖို့ခွင့်ပြုပေးလိုက်ရသည်။ တံခါးခေါက်သံသည်
စက္ကန့်ပိုင်းတောင်မခြား။ စိတ်ညစ်ညူးဖွယ်မို့ရေးညို့ထင်မျက်နှာသည်ရှုံ့မဲ့လျက်။

" မြန်မြန်ပြန်လာခဲ့"

ရွှေဘုံ နာနေတဲ့ သူ့နှုတ်ခမ်းလေးကို လျှာနှင့်သပ်ကြည့်ကာ ခေါင်းသုံးခါလောက်ညိမ့်ပြပြီး ထိုကြမ်းကြုတ်တဲ့ လူကြီးဘေးကနေ အလျှင်အမြန်ဖယ်ခွာလိုက်သည်။
သူ့အားကြောက်စရာ လူကြမ်းကြီးသဖွယ် မြင်ယောင်နေတဲ့ သနားစရာ ကောင်ငယ်လေးကြောင့် ရေးညို့ထင် ဆိုဖာမှာ နောက်မှီထိုင်ရင်း ခေါင်းမော့ပြုံးကာ ပြန်လာမည်အချိန်အားစောင့်မျှော်နေလိုက်၏။
သို့သော် သူမှားသွားလေပြီမှန်း ၁၀မိနစ်ခန့်အကြာမှ သိလိုက်လေသည်။
မကြာခင်က ကြားနေရသေးတဲ့ တိုးတိုး ဖွဖွ အသံများသည် တိတ်ဆိတ်သွားကာ
ကောင်ကလေးကတော့ သူ့ဘေးနားအားပြန်မလာတော့ချေ။

ခေါင်းလှည့်ကြည့်ချိန်တွင်ထိုနေရာမှာ ကောင်ကလေးမရှိတော့ပေ။
ရေးညို့ထင် ရယ်ကာ ထိုင်နေရာမှထ၍ အိပ်ခန်းအတွင်းသို့ဝင်လိုက်လျှင် လှုပ်တုတ်တုတ် စောင်ထုတ်လေးသည် ကုတင်ပေါ်တွင်  ခေါင်းထိလုံအောင်ခြုံ၍ ပုန်းအောင်းနေလေ၏။
ရေးညို့ထင် အခန်းပေါက်ဝမှာရပ်ကာ လက်ပိုက်လိုက်သည်။
သူကျောပြင်သည် တံခါးဘောင်အား ခပ်လျော့လျော့မှီထားကာ နှုတ်ခမ်းတွေကတော့ပြုံးနေလေသည်။

" ကတိမတည်တဲ့ ကလေးတွေက ချစ်ဖို့မကောင်းဘူး"

စောင်ထုပ်လေးသည် လှုပ်ခတ်သွားပေမဲ့ အသံမထွက်ပဲ ငြိမ်သက်နေဆဲ။ ကြည့်နေဆဲ မျက်လုံးအစုံသည် လခြမ်းကွေးသဖွယ် နုညံ့စွာ ကွေးညွှတ်သွားပြီး

" ကိုယ့်အိမ်က ကောင်ကလေးကလည်း
ပေးထားတဲ့ ကတိကိုမတည်ဘူး။
ကိုယ်သူ့ကို အပြစ်ပေးသင့်သလား "

ခေါင်းထိခြုံထားတဲ့စောင်လေးသည် တဖြည်းဖြည်းအောက်လျောကျသွားပြီး ဝိုင်းစက်စက်မျက်လုံးလေးနှစ်လုံးပေါ်လာသည်။
တောင်ပံဖြန့်နေတဲ့ မျက်တောင်တွေသည် လေအဟုန်မှာ ဝဲပျံတော့မယောင်ပုတ်ခတ်အားယူကာ သနားစဖွယ်ကောင်းအောင်ပြုမူနေ၏။

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ)CompletedWhere stories live. Discover now