35🔥

22.6K 2.4K 215
                                    

ရွှေရောင်နဲ့ အဖြူ ရောင် ရောယှက်နေတဲ့ အပြင်အဆင်သည် ရင်သက်ရူ့မောဖွယ်ကောင်းလောက်အောင် ခမ်းနားလွန်း၏။ သူသာဒီအိမ်နဲ့ပတ်သက်မူ့မရှိခဲ့ရင် အိမ်ရှေ့တောင် ရပ်ဖို့လွယ်မည်မဟုတ်တဲ့နေရာတစ်ခုဖြစ်သည်။ ခုတော့သူသည် ဒီအိမ်ဒီနေရာ အပြင် ၊
ဦးမင်းစံ၏လုပ်ငန်းများပင် ဝင်ထွက်နိုင်သူ ဖြစ်နေခဲ့လေပြီ။ ဒါတွေသည်သူ့အတွက်မက်မောစရာမဟုတ်ခဲ့ပါ။
ရွှေဘုံမင်းစံက နာမည်ကျော် လုပ်ငန်းရှင်တစ်ယောက်၏ သား ဆိုတာ ထုတ်ဖော်ပြသမှ သိနိုင်ခဲ့တယ် ဆိုပေမဲ့ ရေးညို့ထင် အတွက် နောက်ခံ အသိုင်းအဝိုင်းနဲ့ နည်းနည်းမှမသက်ဆိုင်ပဲ ကိုယ်ပိုင်စိတ်နဲ့တာဝန်ယူခဲ့တာဖြစ်သည်။ သူ ရွှေဘုံ ကိုသဘောကျပါသည်။ ထိုကလေး၏ ရိုးသားမူ့သည် သူ့နှလုံးသားနဲ့ နာကျင်မူ့အား အေးချမ်းစေခဲ့ပြီး
နွေးထွေးမူ့ကိုပါ ခံစားရစေခဲ့သည်။ သူတို့နှစ်ယောက်သည် အသက်ကွာဟကာ မျိုးတူ ယောကျာ်းနှစ်ယောက်ဖြစ်လင့်ကစား ရေးညို့ထင်အတွက် ထိုအရာတွေသည် အရေးပါအံ့ဟုပင်မထင်ခဲ့ပါ။ ကောင်ကလေး၏ မျက်ဝန်းညိုတွေသည် သူ့ရင်ခုန်သံကိုမြန်စေပြီး
ကောင်ကလေး၏ အသံလေးတွေသည်
သူ့ကြင်နာမူ့အားသိမ်းယူနိုင်ခဲ့သည်။

ရေးညို့ထင်က မာနကြီးကာ
သီးသန့်နေတက်သူ။ ပထမတစ်ခါ အချစ်ရေးကြောင့် သူ့နှလုံးသားသည် သံမဏိလိုမာကျောမူ့တစ်ခုဖုံးအုပ်ခဲ့ပြီး ရွှေဘုံကတော့ ထိုမာကျောခိုင်ခံ့သော တံတိုင်းလွှာကိုရအောင်ခွာချနိုင်သူဖြစ်ခဲ့သည် ။

" မင်း လက်ဝှေ့ထိုးချင်သေးလား။ "

လေပြေအတိုးမှာ သစ်ရွက်သစ်ခက်တွေလှုပ်ရှားကုန်၏။ သူတို့ရောက်နေသော နေရာသည် ရွှေစံအိမ်ကြီး၏ အိမ်အနောက်ဖက် တစ်နေရာဖြစ်သည်။ မြက်ခင်းစိမ်းတို့လွှမ်းခြုံထားရာ အပန်းဖြေနေရာသည် ဦးမင်းစံတို့ မိသားစုလိုက် သက်သောင့်သက်သာနားနေနိုင်ရန် သီးသန့်လုပ်ထားတဲ့ အပြင်အဆင်လှလှရှိသည်။ ဒီနေရာ ဒီပတ်ဝန်းကျင်မှာ မလှ တဲ့နေရာတစ်ခုတောင်မရှိပါ။
မကြာခင် ပွင့်အာလာတော့မဲ့ ပိတောက်ပင်အောက်ထိုင်ရင်းရေးညို့ထင် ဦးမင်းစံအားကြည့်မိသည်။

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ)CompletedWhere stories live. Discover now