30

24.2K 2.6K 481
                                    

" ဒီဖက်နားလေးရော"

"အင်း"

နုအိတဲ့ ဆံသားထပ်မှာ ဆပ်ပြာမြုပ်တွေကဟိုတစ်စ ဒီတစ်စ။
ရေချိုးခန်းမှာ ကျောမှီပါတဲ့ ပလက်စတစ်ခုံတစ်ခုံချ၍ ထိုအပေါ်မှာ ရွှေဘုံ ကခေါင်းမော့ကာ ရေးညို့ထင်အား ဆရာလုပ်နေခြင်း။ အိပ်ယာထပ်သာ ရေးညို့ထင်က စိတ်ကြမ်းလူကြမ်းဖြစ်တက်ပေမဲ့ ကျန်အချိန်များဆို အေးဆေးသော ပုံရိပ်ဖြင့် အလိုလိုက်အကြိုက်ဆောင်တက်တဲ့ အကိုကြီးတစ်ယောက်သဖွယ်။ အခုလည်း မျက်လုံးမှိတ်ကာ ဇိမ်ခံသူကို အကြိတ်အနယ်ခေါင်းလျော်ပေးနေရသည်။  
ဖြူ ဝင်းသော လည်တိုင်တွင် အနီမှတ်များဖြင့် လှလှပပစီခြယ်နေလို  ပေါင်နှင့် ခြေသလုံး တစ်လျှောက်လုံးလည်း နီရဲပွန်းပဲ့မူ့ဖြင့် သိသိသာသာ အနိုင်ကျင့်ခံထားရသလို။ ထိုအရာတွေအား ကြည်မိလိုက်ချိန်တွင် ရေးညို့ထင်ဟာ ကိုယ့်ကိုကိုယ် အကျင့်မကောင်းတဲ့ကောင်ဟုတောင် တွေးမိတော့မတက်။ သို့သော် သူမရှက်ပေ။
ဒီတစ်ခါတွင်မဟုတ် နောက်တစ်ခါကြုံရင်လည်း သူ့အကိုကြီးက လိမ်လိမ်မာမာနေဟု ဆုံးမလို့ရမည်မဟုတ်။
ဆုံးမ၍ လည်းမဖြစ်နိုင်ပါ။ အကိုကြီးသည် သူ့ထက်ကြီးလေသည်မို့ သူပြန်မပြောရဲပါလေ။ ထို့ကြောင့်အငယ်ပီပီ အကိုကြီးကြိုက်တာလုပ်ပါစေ သူကတော့ မသိချင်ယောင်ဆောင်နေရမည်ပင်။

"အယားပြေလား "

"အင်း  "

အပိုအလို မပြောဘူးဆိုသည့်အတိုင်း
ငိုထားတဲ့ မျက်လုံးဖောင်းဖောင်းတွေက ဖွင့်မလာပါ။ လက်ကျိုးကလေးသည် ငြိမ်သက်စွာ စိတ်ကောက်ကြောင်းပြသနေဆဲ။
ရေးညို့ထင်သည် သေချာ ခေါင်းကိုလောင်း၍ ဆေးပေးလိုက်ပြီးနောက် ကိုယ်ခန္ဓာကိုပါ မကျန်ဆပ်ပြာနဲ့ ပွတ်တိုက်ဆေးကျောပေးနေပြန်သည်။ သူ့စိတ်နှလုံးတို့သည် ထိုသို့ အောက်ခြေသိမ်းလုပ်ပေးနေရသည့်တိုင် သိမ်ငယ်သည်ဟူ၍မတွေးမိသလို ၊ မာနကိုထိခိုက်သည်ဟုလည်းမခံစားရ။ ဖယောင်းရုပ်နဲ့တူသော ကောင်ငယ်လေးဟာ သူလိုရာ ပုံသွင်းနိုင်သကဲ့သို့ သူ့ကြင်နာမူ့နှင့်ထိုက်တန်အောင်လည်းနေတက်၏။
အကုန်ပြီးစီးပြီး၌ ရေလဲပုဆိုးကိုဝတ်စေလျှင် သူ့အာ မကြိုက်သလို မျက်မှောင်ကုတ်ကာ ကြည့်လာ၏။

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ)CompletedWhere stories live. Discover now