Chapter - 16

4.8K 482 15
                                    

Unicode

အပိုင်း ၁၆။ ဝါးရုံငယ်

မြင်းဇောင်းဆီရောက်သည့်အခါ မင်းသားဝမ်က သူ၏မြင်းကို အိမ်တော်အပြင်ဘက်သို့ ခေါ်ထုတ်လာပြီး မြင်းပေါ်တွင်နေရာယူပြီးနောက် ရှောင်းကျန့်တက်နိုင်ရန် လက်ကမ်းပေးသည်။

နေရောင်ခြည်အလင်း​ဖျော့ဖျော့က မင်းသားဝမ်ကိုယ်ပေါ်သို့ကျရောက်နေသည်မှာ မင်းသားဝမ်ဆီမှ ကိုယ်ရှိန်ကိုယ်ဝါများတောက်ပနေသယောင်။ နှုတ်ခမ်းထူထူက တင်းတင်းစေ့ပိတ်ထားသော်လည်း သူ့ကိုစိုက်ကြည့်နေသော မျက်ဝန်းများက နူးညံ့နေ၏။ တဖြည်းဖြည်းနှင့် သူ၏ ရင်ခုန်သံများမှာ ပို၍တောင် ကျယ်လောင်လာတော့သည်။

ရှောင်းကျန့်က သူ၏မူမမှန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် မင်းသားဝမ်ဆီမှ အကြည့်လွှဲလိုက်ပြီး ကမ်းပေးထားသော လက်ဖဝါးပြင်ကို သေချာဆုပ်ကိုင်၍ မင်းသားဝမ်၏ အနောက်ဘက်နေရာတွင် နေရာယူရန်ပြင်သော်လည်း မင်းသားဝမ်က သူ့ကို အရှေ့မှာထိုင်စေတာကြောင့် သူ့မှာ အအေးရိုက်ထားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းနေပြီး အသက်တောင်ရဲရဲမရှူရဲသလိုဖြစ်နေတော့သည်။

" ကိုယ့်မြင်းက အပြေးမြန်တယ်။ မင်းကိုယ့်နောက်မှာထိုင်ရင် ပြုတ်ကျခဲ့မှာသေချာပေါက်ပဲ "

နားစည်အတွင်းသို့ ဝင်ရောက်လာသည့် စကားသံတိုးတိုးက ရှောင်းကျန့်၏ နှလုံးသားကို ပိုတုန်ယင်စေသည်။ ရှောင်းကျန့်က ချောင်းဟန့်လိုက်ပြီး စကားလမ်းကြောင်းလွှဲ၍ အာရုံပြောင်းရန်သာ ကြိုးစားလိုက်သည်။

" မင်းသားဝမ် ဘယ်သွားမလို့လဲ "

ရှောင်းကျန့်မေးလိုက်သည့်အချိန်က မင်းသားဝမ်မြင်းနှင်သည့်အချိန်နှင့် တိုက်ဆိုင်သွား၍ မကြားလိုက်သည်ကြောင့်ပေလားမသိ၊ ရှောင်းကျန့်က မည်သည့်အဖြေကိုမျှ မရလိုက်ချေ။

အရှိန်ညီညီနှင့်မောင်းနှင်လာသည့် မြင်းက တဖြည်းဖြည်းနှင့် မြို့ပြင်သို့တောင် ထွက်လာချေပြီ။ ထိုအချိန် သူ့အတွေးထဲဝင်လာသည်က မြို့တွင်းက စည်ကားသိုက်မြိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းပေမယ့် မြို့ပြင်က ပိုအေးချမ်းပြီး ဆူညံမှုမများသည့်ပတ်ဝန်းကျင်က လွတ်လပ်မှုကို ခံစားမိစေသည်။ လေကိုဆန်ခွင်း၍ ပြေးလွှားနေသည့်မြင်းကြောင့် နေရောင်ခြည်အနွေးဓာတ်တို့ရောပြွန်းနေသည့် လေနုနုက သူ့ကို ကျီစယ်နေသယောင်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now