စာ-၁

1.2K 115 5
                                    

စာ/

သူ့မိုးပြာရောင် ဆွယ်တာကရတဲ့ အနံ့ကို ငါအခုထိ မှတ်မိနေတုန်းဘဲ။
မိုးစက်တွေ သူ့လက်သွယ်သွယ်တွေကြား ခိုဆင်းချိန် သူ့လက်မောင်းတွေနဲ့ ငါအံ၀င်တကျဖြစ်ခဲ့တာလေ။
တစ်‌စုံတစ်ယောက်ကို ချစ်မိဖို့က လွယ်ပါတယ်။အဲ့အချစ်ကို ထိန်းသိမ်းဖို့နဲ့ မထိန်းသိမ်းနိုင်ခဲ့တဲ့အခါ လွှတ်ချနိုင်ဖို့သာ မလွယ်ကူတာပါ။

တောင်ပေါ်ဒေသဖြစ်သည့်အလျောက် အချမ်းဓာတ်ကတော့ အထိုက်အလျောက် ရှိသည်ပင်ဖြစ်သည်။
ဝှီးချဲ တစ်စီးကို တွန်းလျက် လူတစ်ယောက် တိတိကျကျဆို လူနှစ်ယောက် ခြံထဲ ၀င်လာလေရဲ့။

"ဆေးတွေ မှန်မှန် မသောက်ဘူးဆို ဆူးလ်ဂီ"

ဝှီးချဲပေါ်က ကောင်မလေးဟာ သိသိသာသာမျက်နှာပျက်သည်။မျက်နှာထားဟာ ခပ်တင်းတင်းပါဘဲ။

"ငါ့ကိစ္စနဲ့ ငါပါ "

"ဆေးကိုမှန်မှန်သောက် လေ့ကျင့်ခန်း သေချာလုပ်ပြီး ငါ့ကို ကူညီပေးပါတော့။လုပ်ငန်းကို ငါကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆူးလ်ဂီ"

အဖြေပြန်မရပါ။

တစ်စုံတစ်ယောက်ကို ‌မမေ့နိုင်သည့် ကာလတွေဟာ သိပ်ဆိုးရွားပါသည်။

-

ကလင်..

အအိပ်ဆတ်သူမို့ စက်ဘီးဘဲလ်သံကြောင့် ဆတ်ကနဲနိုးလာသည်။
ပြတင်းပေါက်မှ နေရောင်၀င်နေပြီပင်ဖြစ်သည်။
ဖုန်းကို ယူကာ နာရီကို ကြည့်တော့ 7နာရီ 15မိနစ်။

7နာရီခွဲဆို တခြားအခန်းက ကောင်မလေးရောက်လာပြီး သူမကို ဝှီးချဲပေါ် ကူညီတင်ပေးမည်ဖြစ်သည်။
မနက်စာစားဖို့အထိ ကူညီပေးပြီး ဆေး‌လုံးတွေနဲ့အတူ ရေတစ်ခွက်ကို ပေးကာ ဆေးအတင်းသောက်ခိုင်းမည်ဖြစ်သည်။

တစ်ပုံစံတည်းလည်ပတ်နေသည့် ကာလရှည်ကြီးကိုဖြတ်ကျော်ခဲ့ရတာ နှစ်၀က်လောက်တော့ ရှိပြီထင်သည်။
တစ်ပုံစံတည်း လည်ပတ်နေသည့် နေ့စဉ်ဘ၀။
ထွက်ဖို့ မကြိုးစားချင်သည်အထိ နက်မှိုင်းနေသည့် သူမစိတ်အစဉ်။

မျက်လုံးကိုမှိတ်ချလိုက်တိုင်း ထိုအဖြစ်အပျက်တွေကို ပြေးမြင်မိသည်။
သူမကြောင့် ဆိုသည့် စကားစုနောက်မှာ ဒီဒုက္ခတွေခံနေရတာဟာ အပြစ်ပေးခံရခြင်းဆိုပြီး သတ်မှတ်ထားသည်။

စာWhere stories live. Discover now