Chapter - 18

4.5K 490 22
                                    

Unicode

အပိုင်း ၁၈။ နွေးထွေးသည့်ရင်ခွင်

" host အရန်မစ်ရှင်! မင်းသားဝမ် host ကို ဖက်လာအောင် ကြိုးစားပါ။ ဆုလာဘ်က coin 50 နော် "

နေရောင်ပျောက်လာသည်နှင့်အမျှ ပို၍ပို၍အေးမြလာသော လေထုကြောင့် ရှောင်းကျန့်က မီးပုံအနားသို့ ပိုတိုးကပ်၍ မီးလှုံနေချိန် ထွက်ပေါ်လာသော ရင်းနှီးသည့်အသံက system ၏ အရန်မစ်ရှင်ပေးအပ်ခြင်းအသိပေးချက်ဖြစ်သည်။ ထိုအသိပေးချက်အဆုံးတွင် သူ၏နှလုံးသားလေးက သိသိသာသာတုန်လှုပ်သွားပြီး မရည်ရွယ်ပါဘဲ မင်းသားဝမ်ရှိရာသို့ အကြည့်ပို့မိလိုက်သည်။ ထိုအခါမှ သူ့ရင်ထဲမှာ ပို၍မအေးမချမ်းဖြစ်လာရသည်မို့ သူ့အရှေ့ရှိ မီးပုံဆီသာ အမြန်ဆုံးအကြည့်လွှဲလိုက်သော်လည်း သူ့နားထဲတွင် system ၏ မစ်ရှင်ပေးသံကိုသာ ထပ်ခါထပ်ခါကြားယောင်နေ၏။

မင်းသားဝမ်လိုလူမျိုးက သူ့ကိုဖက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

အတွေးနှင့်အတူ လက်ဖျားများပါ အေးစက်လာသောကြောင့် ပုခုံးစွန်းနှစ်ဖက်ကို ကျုံ့၍ လက်ဖဝါးနှစ်ဖက်ကို အာငွေ့ပေးပြီး ပွတ်သပ်နေရတော့သည်။

မှောင်ရီပျိုးလာသည့် ပတ်ဝန်းကျင်တွင် ပိုးစုန်းကြူးငယ်လေးများကို တစ်စတစ်စတွေ့မြင်လာရသည်။ နေရောင်မရှိ​တော့သည့် ကောင်းကင်ကြီးတွင်တော့ လ၏အလင်းရောင်က ဖြန့်ကျက်ပေးနေပြီး ကြယ်များကလည်း လမင်းကြီးကိုကူ၍ အားဖြည့်ပေးနေကြသည်။ ပတ်လည်တစ်ဝိုက်ရှိဝါးပင်များက လေတိုက်သည့်အခါတိုင်း တရွှီရွှီနှင့် ယိမ်းခါသွားလေ့ရှိပြီး လေ၏ပယောဂကြောင့် မြေပြင်ပေါ်သို့ ကြွေခသွားကြရသည့် ဝါးရွက်များ၏အသံက တဖျောက်ဖျောက်။ မလှမ်းမကမ်းရှိ ရေတံခွန်မှရေကျသံသည်လည်း ဝါးရွက်တို့ လှုပ်ခါသံနှင့်အပြိုင် အလျဉ်ပေါ်ထွက်လျက်ရှိသည်။

မီးပုံကိုတွေတွေလေးငေးကြည့်နေရင်း သူ့ကိုယ်သူအနွေးဓာတ်ပေးနေသည့် ရှောင်းကျန့်က ကျောပြင်ဘက်မှ နွေးထွေးမှုကိုခံစားလိုက်ရသည့်အခါ ကိုယ်လေးတစ်ချက်တွန့်သွားပြီး လှည့်ကြည့်မိလိုက်တော့ ငါးရလာသည်မို့ပြန်လာသည့် မင်းသားဝမ်က သူ့ဘေးတွင် လာထိုင်သည်ကိုမြင်လိုက်ရသည်။ မင်းသားဝမ်နှင့် အကြည့်ချင်းဆုံသွားသည့်အခါ မစ်ရှင်က ခေါင်းထဲပေါ်လာသည်မို့ ပါးပြင်နှစ်ဖက်က ပူနွေးသွားရတော့သည်။ ကျောပြင်ပေါ်ရှိ မင်းသားဝမ်၏ အပေါ်ဝတ်ရုံကို ပုခုံးနှစ်ဖက်ပေါ်မှ ရှေ့သို့ပိုဆွဲချ၍ ကိုယ်ကိုပိုကျုံ့လိုက်ပြီး မင်းသားဝမ်၏ အကြည့်များကိုရှောင်လွှဲလိုက်သည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now