Chapter - 19

4.4K 469 22
                                    

Unicode

အပိုင်း ၁၉။ နီးကပ်လာသည့် ပွဲတော်ရက်

နေ့ခင်းဘက်တွင် ပိုပိုလွန်လွန် အနားယူမိသွားသည့် ရှောင်းကျန့်က ညဘက်အိပ်ချိန်ရောက်သည့်အခါ ဘယ်လိုမှကို အိပ်မရတော့ပေ။ နံဘေးမှ မင်းသားဝမ်ကိုကြည့်လိုက်တော့ ကောင်းစွာအိပ်မောကျနေပုံပေါ်တာကြောင့် ထိုလူ့ကိုအနှောင့်အယှက်မပေးချင်၍ ကုတင်ပေါ်မှဆင်းပြီး ခြေလှမ်းဖွဖွဖြင့် ပြတင်းတံခါးရှိရာနားသို့ သွားလိုက်သည်။

ပြတင်းတံခါးကိုဖွင့်၍ တိုက်ခတ်လာသည့် အေးမြမြလေပြေကို ခံယူကာ မှိတ်တုတ်မှိတ်တုတ်ကြယ်လေးများဖြင့် အလှဆင်ထားသည့် မှောင်မည်းမည်းကောင်းကင်ကြီးကို မော့ကြည့်ရင်း လေပူတချို့ မှုတ်ထုတ်လိုက်သည်။

လေလာရာဘက်သို့ မျက်နှာပေးထိုင်၍ ဘေးမှစားပွဲပေါ်ရှိ ရေနွေးကရားထဲမှ ရေနွေးအချို့ကို ကြွေခွက်လေးထဲ ငှဲ့ထည့်လိုက်သည့်အခါ ရေကျသံတိုးတိုးနှင့်အတူ အနည်းငယ်နွေးတေးတေးရှိနေသည့်ရေနွေးကြောင့် အငွေ့ဖျော့ဖျော့လေးက အထက်သို့ ဆန်တက်လာ၏။ ဆောင်းဦးညလယ်မှာ အိပ်မပျော်နိုင်သည့် ရှောင်းကျန့်က ဗိုက်ဟောင်းလောင်းလေးဖြစ်နေသည်မို့ ဤမြင်ကွင်းက သူနေထိုင်သည့်နေရာက အသင့်စားခေါက်ဆွဲကို သတိရသွားစေသည်။ သူ့အတွေးက ယခုအချိန်တွင် မည်သို့မျှ မဖြစ်နိုင်သောကြောင့် ရှောင်းကျန့်က ရေနွေးခွက်ကို နှု​တ်ခမ်းဖျားတွင်တေ့၍ ခွက်ထဲရှိ အလုံးစုံသော ရေနွေးကို လွမ်းဆွတ်မှုများပါသွားစေလောက်သည်အထိ ခပ်ကြမ်းကြမ်းမျိုချပစ်လိုက်သည်။ ဗလာကျင်းသွားသည့် ရေနွေးခွက်ကိုကြည့်ရင်း သက်ပြင်းသဲ့သဲ့ချလိုက်ပြီးနောက် ခွက်ကို နေရာတကျပြန်ထားလိုက်တော့သည်။

" host နောက်ထပ်အရန်မစ်ရှင်! လမုန့်ပွဲတော်ကို မင်းသားဝမ်နဲ့အတူဖြတ်သန်းပါ။ ဆုအနေနဲ့ coin 60 ရပါမယ် "

လေထုထဲမှ ထွက်ပေါ်လာသည့် system ၏ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ ပြည့်ဝန်းတော့မည့် လမင်းဆီသို့ အကြည့်ပို့မိလိုက်သည်။ ဆောင်းဦးအလယ်တောင်ရောက်နေပြီဆိုသည်ကို သူယခုမှ သတိထားမိသည်။ လမုန့်ပွဲတော်နေ့လည်း မကြာခင်ရောက်​တော့မည်ဖြစ်သည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now