[Unicode]
Blues
•••နွေးထွေးခြင်းဆိုတာဘာလဲ ?
စိတ်လိုလက်ရရှိတဲ့အခါ လှမ်းပေးလာတဲ့
အေးစက်စက်လက်တစ်စုံလည်း
ဖြစ်နိုင်ပါတယ် ။×××
" မနိုးလောက်ဘူးထင်နေတာ နိုးလာတာပဲ "
အိပ်ရေး၀သလိုမရှိတာမို့ မျက်လုံးတွေကိုဖိကပ်ပြီးလက်ခုံနဲ့တိုးနေရင်းမှ ကုန်ရုန်းထလာတဲ့လီလီ့ကိုမြင်တော့ ဒယ်ဒီကပြောလာခြင်းဖြစ်သည်။
" နည်းနည်းလောက်ထပ်အိပ်ချင်သေးတယ်
ဒယ်ဒီ "မှန်ပြတင်းမှတဆင့်မြင်နေရတဲ့ အပြင်ပတ်၀န်းကျင်ကြောင့်မနက်ေ၀လီေ၀လင်းဖြစ်နေသေးကြောင်းသိလိုက်ရတာမို့ လီလီပြောလိုက်ခြင်းဖြစ်သည်။
" ၇နာရီကျော်နေပြီ ဘေဘီရဲ့။ဒယ်ဒီမနက်စာပြင်ထားပေးမယ်။ဆင်းလာခဲ့တော့နော် "
ဒယ်ဒီက လီလီ့ရဲ့နဖူးထက်ခပ်ဖွဖွနမ်းပြီးပြောလာသည်။
မထချင်သေးပေမဲ့လို့ ဒယ်ဒီနဲ့အတူမဖြစ်မနေလိုက်ရမဲ့ခရီးလို့ ဒယ်ဒီကပြောထားသည်။
မျက်နှာသစ်အ၀တ်အစားလှယ်ပြီးသည့်နှင့် အဆင်ပြေသည့်သိုးမွှေးဆွယ်တာတစ်ထည်ကိုကောက်၀တ်ပြီး အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။" အနွေးထည်ထူထူလေး၀တ်သင့်တယ် ဘေဘီ "
မနက်စာစားဖို့၀င်ထိုင်လိုက်သည့်နှင့် ဒယ်ဒီဟာ လီလီ့ကိုကြည့်ပြီးပြောလာခြင်းဖြစ်သည်။
အနောက်တိုင်း၀တ်စုံအစား ဂျာကင်ထူထူတစ်ထည်နှင့်ဘောင်းဘီအနက်တစ်ထည်ကို၀တ်ဆင်ထားပေမဲ့ ဒယ်ဒီကခံညားနေတုန်းပါပဲ။" ခရီးကအေ၀းကြီးလား ဒယ်ဒီ "
ဒယ်ဒီယိုသုတ်ပေးထားတဲ့ .. ပေါင်မုန့်မီးကင်ကိုယူစားပြီးမေးလိုက်သည်။
" ဂျယ်ဂျူးကိုသွားမှာ .. ဘေဘီမရောက်ဖူးသေးဘူးမလား "
ကြားလိုက်ရတဲ့စကားကိုမယုံသလိုရှိတာမို့
နွားနို့ခွက်ကိုမော့သောက်နေရင်းမှစားပွဲပေါ်ပြန်တင်ပြီး ဒယ်ဒီ့ကိုလှမ်းကြည့်လိုက်သည်။" တကယ်လား။ တကယ်ဂျယ်ဂျူးကိုသွားမှာလား "
" အင်း.. ဒယ်ဒီ့ဘေဘီလေးကိုခေါ်သွားချင်လို့အလုပ်ကိစ္စကိုတောင်စေနနေ့ရွေ့ထားတာ "
YOU ARE READING
BLUES
Fanfictionအနွေးဓာတ် လိုအပ်တဲ့အခါ ဒါမှမဟုတ် ဟန်ဆောင်ရခြင်းတွေထဲနေမပျော်တော့တဲ့အခါ ဒါမှမဟုတ် ၀မ်းနည်းခြင်းတွေထဲနစ်မြုပ်သွားတဲ့အခါ ငါ့ပင်လယ်ထဲခုန်ဆင်းလှည့်ပါ_