[Unicode]" ဘေဘီ "
ကတ်ဆတ်ကိုအသံအမြင့်ဆုံးချဲ့လျက်ဖွင့်ထားပြီးကြားနေရတဲ့သီချင်းကိုလိုက်ဆိုနေတဲ့ လီလီ့ကိုမြင်တော့ဒယ်ဒီဟာရယ်လျက်..
" ဘာလုပ်နေတာတုန်း "
လီလီ့ကုတင်ခြေရင်းမှာ၀င်ထိုင်လိုက်ပြီးဒယ်ဒီကပဲထပ်မေးလာပြန်တာမို့။
" ကျောင်းကပွဲမှာ သီချင်းဆိုရမှာဒယ်ဒီရဲ့။အဲ့တာနားထောင်နေတာ "
သီချင်းသံကိုလျော့ချလိုက်ပြီး လီလီပြန်ဖြေလိုက်သည်။
" ဘာသီချင်းတုန်း "
" Sarangbi "
လီလီပြန်ဖြေပေမဲ့ဒယ်ဒီကစကားဆက်မလာ။
လီလီ့ကိုသာငေးပြီးပြုံးနေသည်။" ပြန်ဖွင့်လိုက်လေ.. ဒယ်ဒီလည်းနားထောင်ကြည့်ရအောင် "
လီလီအစကနေပြန်ဖွင့်ပြီးဒယ်ဒီဘေးနားသို့ပြောင်းရွေ့ထိုင်လိုက်သည်။
" ဘေဘီဆိုမှာပေါ့ "
ဒယ်ဒီ့ပခုံးမှာခေါင်းမှီပြီးဘေးနားက၀က်၀ံရုပ်ကိုပွေ့ကာဖက်တော့ဒယ်ဒီကမေးလာပြန်တယ်။
" ချယ်ယောင်းနဲ့အတူဆိုမှာ "
လီလီပြောတော့ဒယ်ဒီက လီလီ့ဆံမြိတ်ကိုခပ်သာသာဖွလျက်
" သူငယ်ချင်းအသစ်လား "
လီလီသူငယ်ချင်းသိပ်မထားတတ်တာကိုဒယ်ဒီကသိနေတော့ အထူးအဆန်းသဖွယ်မေးလာတယ်။
နီနီကလွဲရင် လီလီ့မှာသူငယ်ချင်းမရှိတာဒယ်ဒီအသိပဲမလား။" အင်း..ဂျယ်ဂျူးကနေကျောင်းလာတတ်တာလေဒယ်ဒီရဲ့။နီနီတို့အိမ်မှာပဲနေတာကို "
" ဟုတ်လား..ဒယ်ဒီသတိမထားမိတာနေမယ် "
ဒယ်ဒီစကားအဆုံးလီလီဘာစကားမှဆက်မပြောဖြစ်.. သီချင်းကိုသာဆက်ကာနားထောင်နေလိုက်သည်။
အဲ့ဒီနေ့ကစလို့ အချိန်တော်တော်များများမှာလီလီသီချင်းနားထောင်တတ်လာသည်။
စာလုပ်နေရင်းပျင်းလာရင်ဘာရယ်မဟုတ် ကတ်ဆတ်ကိုဖွင့်ကာသီချင်းလိုက်ညီးနေတတ်သည်။
ကျောင်းအသံလွှင့်ဌာနကလွှင့်တဲ့ သီချင်းတွေကိုအရင်ကသတိမထားမိပေမဲ့ အခုတော့လိုက်နားထောင်ဖြစ်နေသလားမသေချာ။
စာအုပ်ဖတ်တာအပြင်ထပ်ပြီးတိုးလာတဲ့အလေ့တစ်ခုဟာသီချင်းနာထောင်တာဖြစ်လာခဲ့သည်။

YOU ARE READING
BLUES
Fanfictionအနွေးဓာတ် လိုအပ်တဲ့အခါ ဒါမှမဟုတ် ဟန်ဆောင်ရခြင်းတွေထဲနေမပျော်တော့တဲ့အခါ ဒါမှမဟုတ် ၀မ်းနည်းခြင်းတွေထဲနစ်မြုပ်သွားတဲ့အခါ ငါ့ပင်လယ်ထဲခုန်ဆင်းလှည့်ပါ_