2

1.5K 159 3
                                    


[Unicode]

"နင့်ရဲ့အဖြစ်ချင်ဆုံးဆန္ဒကဘာလဲ ဆိုပြီးကောင်လေးကိုကောင်မလေးကမေးတယ် "

ဖတ်လက်စစာအုပ်ကိုCoffeeခွက်ဘေးသို့ချထားလိုက်သည်။
ပူနွေးနေတဲ့ Coffeeကိုလေပူတွေနဲ့ခပ်သာသာမှုတ်ထုတ်ပြီး နောက်ဖက် စားပွဲဆီမှကြားနေရတဲ့စကားသံတွေကိုအမှတ်မဲ့နားစွင့်နေမိသည်။

" အဲ့တော့ "

ပထမအသံပိုင်ရှင်ကိုမေးခွန်းထပ်ထုတ်လိုက်တဲ့ဒုတိယအသံပိုင်ရှင်ဖြစ်သည်။
အသံတွေကိုနားစွင့်ခြင်းအရ အသံပိုင်ရှင်နှစ်ယောက်စလုံးဟာမိန်းကလေးတွေပဲဖြစ်ရမယ်။
အတိအကျဆို ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်လို့ဂျီဆူး ထင်သည်။

" အခန်းမီးပိတ်ပြီး အိပ်နိုင်ဖို့လို့ ကောင်လေးကဖြေလိုက်တယ် "

" ဘာလဲ .. ပေါ့ပျက်ပျက်နိုင်လိုက်တာ "

ဟုတ်သားပဲ။
ပေါ့ပျက်ပျက်နိုင်လိုက်တာ။
ဒုတိယကောင်မလေးရဲ့ မကျေမနပ်လေသံကို
ဂျီဆူးစိတ်ထဲကထောက်ခံလိုက်သည်။

" အင်းငါလည်းအစက အဲ့လိုပဲတွေးတာပေါ့။ဒါပေမဲ့အဲ့ကောင်လေးမှာအဲ့လိုဖြေရတဲ့အကြောင်းအရင်းရှိတယ်လို့မတွေးမိဘူးလား "

ပထမအသံပိုင်ရှင်ရဲ့ ခပ်တွေးတွေးကလေးဖြေလာတဲ့စကားသံကိုကြားပြီး နှုတ်ခမ်းဟာအလိုလိုတွန့်ကွေးသွားမိသည်။

" တကယ်တော့အဲ့ကောင်လေးမှာအဖေမရှိဘူး။
အဲ့တော့သူ့အမေကပဲသူ့ကိုငယ်ငယ်ကတည်းကစောင့်ရှောက်လာခဲ့တာ။သူ့အမေကလည်းသူ့သားအတွက်ဆိုပြီးအလုပ်ကိုပဲကြိုးစားခဲ့တယ်..ညဖက်ဆိုလည်းအမြဲနောက်ကျမှပြန်ရောက်ပြီးမနက်ဆိုလည်းသူ့သားမနိုးခင်အလုပ်ကိုသွားရတယ်။အဲ့ကောင်လေးကငယ်ငယ်လေးကတည်းကအခန်းမီးဖွင့်ပြီးတစ်ယောက်တည်းအိပ်ခဲ့တာမို့ ကြီးလာတော့လည်းသူဟာအဲ့အကြောက်တရားကိုတွန်းလှန်ဖို့ကြောက်နေတုန်းပဲ။
အဲ့တာကြောင့်အဲ့ကောင်လေးရဲ့အဖြစ်ချင်ဆုံးဆန္ဒဟာအခန်းမီးပိတ်ပြီးအိပ်နိုင်ဖို့ပဲ "

ပထမအသံပိုင်ရှင်ကပဲ ဆက်ပြီးပြောလာတဲ့စကားတွေဖြစ်သည်။
အကြောင်းအရင်းကိုသိပြီးမှနားလည်နိုင်တာထက်အကြောင်းအရင်းကိုမသိခင်ကတည်းကကြိုတင်ပြီးနားလည်ပေးနိုင်ခြင်းကပဲသေချာတဲ့စစ်မှန်ခြင်းဖြစ်မယ်ထင်တယ်။

BLUESWhere stories live. Discover now