7

695 94 2
                                    

[Unicode]

" မြန်မြန်လာငါတို့နောက်ကျတော့မယ် "

အတန်းထဲမှပြေးထွက်ပြီးအားကစားခန်းမဆီသွားနေကြတုန်းဆိုယွန်းက လီလီနဲ့ယောင်းကိုကြည့်ကာအားမလိုအားမရပြောလာသည်။

" မှီပါသေးတယ်။ပွဲက၃နာရီမှစမှာကို "

ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကိုဒီနှစ်တော့လီလီတို့ကျောင်းမှာကျင်းပခွင့်ရသည်။
ကျောင်းတွေမပိတ်ခင် .. အားကစားပွဲတွေကျင်းပတာကထုံးစံပင်။
မိန်းကလေးဘော်လီဘောပွဲဟာအခုညနေသုံးနာရီမှာကစားမှာဖြစ်ပြီး နီနီ၀င်ကစားရမှာမို့ လီလီတို့အခုလိုစိတ်လှုပ်ရှားနေခြင်း။
လီလီပြောနေပေမဲ့ဆိုယွန်းကမြန်မြန်လာဟုဆိုပြီးရှေ့ကနေဦးဆောင်ပြေးသည်။

" ဒီမှာထိုင်ရအောင် "

၁၅မိနစ်ခန့်လိုသေးတာမို့ လူဟာထင်သလောက်မများသေး။
နေရာတစ်ခုမှာ၀င်ထိုင်ပြီး ပွဲစလာမည့်အချိန်ကိုစောင့်နေရသည်။

" ဂျင်းနီတို့မရောက်သေးဘူးထင်တယ် "

ကစားသမားတွေစု​ေ၀းထားတဲ့နေရာကိုမျှော်ကြည့်နေရင်းဆိုယွန်းကပဲထပ်မံရေရွတ်လာခြင်း။

" ဟို..ဟိုမှာလာပြီ "

ယောင်းဟာ၀င်၀နားကိုညွှန်ပြလို့ပြောလာတော့ဆိုယွန်းရောလီလီပါအလုအယက်ကြည့်ရသည်။
နီနီဟာအားကစားဘောင်းဘီကို၀တ်ထားတော့နဂိုကမှပုပါတယ်ဆိုတဲ့အရပ်ဟာတိမ်၀င်သွားသလို။
ဆံပင်နှစ်ဖက်ခွဲစည်းလို့ရှေ့ဆုံးကနေ ဘုဆတ်ဆတ်လျှောက်၀င်လာတဲ့ နီနီ့ကိုကြည့်လို့ လီလီနဲ့ယောင်းဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ ရယ်ချင်စိတ်ကိုထိန်းရသည်။

" ဂျင်းနီ..ဖိုက်တင်း။ဂင်ဂျင်းနီအတော်ဆုံး "

လက်နှစ်ဖက်ကိုပါးစပ်နားထားလျက်အသံကုန်အော်ဟစ်လိုက်သည့်ဆိုယွန်းကြောင့် နီနီဟာလီလီတို့ရှိရာဖက်ဆီအကြည့်ရောက်လာသည်။
ပြီးတော့၀မ်းသာအားရလက်ကိုယမ်းလျက်ပြန်ကာနှုတ်ဆက်သည်။

" ထိုင်ပါဦး။အခုကပွဲတောင်မစသေးဘူး "

မတ်တပ်ရပ်လို့တဝိုးဝိုးအော်နေတဲ့ဆိုယွန်းကိုလက်တို့ပြီး ​လီလီပြောတော့မှသူကထိုင်ကျသည်။

BLUESWhere stories live. Discover now