[Unicode]" လီ "
နီနီတို့အိမ်ရှေ့ကိုရောက်သည်နှင့် ကြားလိုက်ရတဲ့ခေါ်သံနဲ့အတူ နီနီဟာအိမ်ထဲကပြေးထွက်လာသည်။
" ဘာလဲ "
" ကျောင်းသွားမှာမလား။အတူသွားမယ် "
" ယောင်းကရော "
ဒယ်ဒီသိရင်လိုက်ပို့နေမှာစိုးလို့ အနည်းငယ်စောပြီးအိမ်ကထွက်လာခဲ့ခြင်း။
မနေ့က စက်ဘီးကိုကျောင်းမှာအပ်ထားခဲ့တာမို့ဒီနေ့တော့Busနဲ့သွားရမည်။" ဆိုယွန်းနဲ့ချိန်းထားလို့အစောကြီးထွက်သွားတယ် "
ခြံရှေ့သို့ရောက်ဖို့ ဆိုနီနီတို့အိမ်ကနေ၂မိနစ်ခန့်လမ်းလျှောက်ရသေးသည်။
" အင်း "
" ဒါနဲ့ မနေ့ကGuideနဲ့အဆင်ပြေလား "
တစ်ချက်တစ်ချက်ေ၀့၀ဲတိုက်လာတဲ့လေပြည်ဟာ မိုးရနံ့ခပ်သင်းသင်းကိုယူဆောင်လာပေးသည်။
လီလီမိုးရာသီကိုသိပ်ကြိုက်တယ်။" အင်း..ပြေတာပေါ့။ကြည့်ရတာကိုကိုတို့နဲ့ရွယ်တူလောက်ပဲထင်တယ် "
" ဂျယ်ဝူးအိုပါးနဲ့လား "
" အင်း..ဒယ်ဒီနဲ့လည်းရင်းနှီးတယ်ထင်တယ် "
" အဲ့တာဆိုမမိုက်ဘူးနော်လီ.. "
" ဟမ် "
ကားမှတ်တိုင်ဆီသွားနေရင်းနဲ့ပဲလီလီတို့ပြောနေတဲ့စကားတွေဖြစ်သည်။
" တစ်ခုခုဆို နင်မလွယ်ဘူးလေ။အန်ကယ့်ဆီသတင်းရောက်မှာပဲ "
နီနီပြောတာလည်းအဟုတ်သား။
သို့ပေမဲ့မနေ့ကအခြေအနေကိုကြည့်ရင် စည်းရုံးရတာသိပ်ခက်မဲ့ပုံမဟုတ်ပါဘူး။" မသိတော့ဘူး.. "
" ညနေသွားစရာရှိလား "
လာရပ်တဲ့busကားပေါ်တက်ပြီး နှစ်ယောက်ထိုင်ခုံမှာ၀င်ထိုင်တော့ နီနီကလည်းလီလီ့ဘေးထိုင်သည်။
ပြီးတော့လွယ်အိတ်ကိုချွတ်ပြီးထိုင်ရသက်သာအောင်နေရာချနေသည်။
လီလီကတော့ဒီအတိုင်းထိုင်ချလိုက်တာပဲ။" မရှိဘူး..ဒီနေ့တော့စောပြန်ရမယ် "
နီနီ့အကြံတွေကိုကြိုသိစွာနဲ့လီလီပိတ်ပြောတော့ သူကခေါင်းညိမ့်ပြသည်။
မလိုက်လည်းနေ ဆိုတဲ့သဘော။

YOU ARE READING
BLUES
Fiksi Penggemarအနွေးဓာတ် လိုအပ်တဲ့အခါ ဒါမှမဟုတ် ဟန်ဆောင်ရခြင်းတွေထဲနေမပျော်တော့တဲ့အခါ ဒါမှမဟုတ် ၀မ်းနည်းခြင်းတွေထဲနစ်မြုပ်သွားတဲ့အခါ ငါ့ပင်လယ်ထဲခုန်ဆင်းလှည့်ပါ_