6

844 112 4
                                    

[Unicode]

စက္ကူပန်းတွေညိုးသွားတဲ့အကြောင်း

Coffeeခါးခါးတွေဟာအရသာခံသောက်ကြည့်ရင်သိပ်ချိုတဲ့အကြောင်း

မင်းကိုချစ်တဲ့ငါ့စိတ်တွေအရောင်ပြောင်းလာတဲ့အကြောင်း

Blues 

×××


" ငါနင်တို့ကိုပြောစရာရှိတယ် "

မိုးဟာလေသဲသဲမဲမဲရွာချနေသည်။
မနက်ဖြန်ဟာကျောင်းပိတ်ရက်ဖြစ်တာမို့ နီနီတို့သုံးယောက် လီလီ့အခန်းထဲစုပြီးရုပ်ရှင်ကြည့်နေကြတုန်း ယောင်း​ပြောလာတဲ့စကားဖြစ်သည်။
​အာလူးကြော်ထုပ်ကိုပိုက်လို့ ကုတင်ခြေရင်းကြမ်းပြင်မှာထိုင်နေရင်းကပြောလေဆိုတဲ့သဘောနဲ့နီနီခေါင်းညိမ့်ပြလိုက်တော့

" ဟိုနေ့ကတွေ့တဲ့ အဒေါ်ကြီးလေ မှတ်မိလား "

" ဟမ် "

ယောင်းအမေးကိုလီလီက နားမလည်သလိုစကား၀င်ထောက်သည်။

" ရန်ဖြစ်တဲ့နေ့က အဒေါ်ကြီးလား "

" အင်း ဟုတ်တယ်။ဟုတ်တယ် "

အာလူးကြော်ကိုပါးစပ်ထဲသိပ်ထည့်ရင်း ဇာတ်လမ်းကိုလည်းအဆက်မပြတ်သွားစေဖို့ကြည့်နေရသလို ယောင်းပြောတဲ့စကားကိုလည်းနားစွင့်နေရသည်။
နီနီပြောတော့ ယောင်းကခေါင်းညိမ့်ထောက်ခံလာသည်။

" ဘာဖြစ်လို့လဲ "

" ဆိုယွန်းပြောတာတကယ်ထင်တယ်။ငါ့ကို သင်တန်းသူအဖြစ်လေ့ကျင့်ဖို့ နေ့လည်ကလာပြောတယ် "

ယောင်းစကားဆုံးတော့ အိပ်ယာပေါ်ခြေပစ်လက်ပစ်လဲချနေတဲ့လီလီဟာ ကုန်းရုန်းထလာလျက် ကုတင်ခြေရင်းဖက်ကိုဦးတည်လို့မှောက်လဲချလာသည်။
နီနီလည်းအာလူးကြော်ထုပ်ကိုဘေးချပြီး ယောင်းအနားခပ်မြန်မြန်တိုးသွားလိုက်မိသည်။
နီနီတို့သုံးယောက်ဟာကုတင်ခြေရင်းမှာခေါင်းဆိုင်လိုက်ရသည့်အခြေအနေသို့ရောက်သွားသည်။

" တကယ်လား။တကယ်ကိုအဲ့အဒေါ်ကြီးကဆိုယွန်းပြောသလိုမျိုးပေါ့ "

" အင်း "

လီလီဟာတောက်လျှောက်တိတ်ဆိတ်နေခဲ့သမျှ အခုတော့သိချင်စိတ်ပြင်းပြနေသလို မေးလာတဲ့စကားတွေဖြစ်သည်။

BLUESWhere stories live. Discover now