Chapter - 20

4.2K 432 22
                                    

Unicode

အပိုင်း ၂၀။ ထူးဆန်းသည့်မင်းသားဝမ်

အကယ်၍ မင်းသားဝမ်သာ သူ၏ချဉ်းကပ်ရခြင်းအကြောင်းအရင်းက သူ့ကမ္ဘာကို ပြန်နိုင်ဖို့ ဆိုသည်ကို သိသွားခဲ့လျှင် သူ့ကို မုန်းသွားပေမည်လား။

ထိုကဲ့သို့ အတွေးမျိုးက မဖိတ်ခေါ်ပါဘဲ ရုတ်ချည်းဝင်ရောက်လာသည်မို့ ရှောင်းကျန့်၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုတို့ ပြည့်နှက်သွားလေ၏။ သူ့ရင်တွင်းမှ အပူမီးကို ဆောင်းဦးလေအေးတို့ကတောင် မငြိမ်းသတ်ပေးနိုင်တော့ပါချေ။

ရှောင်းကျန့်က လက်ချောင်းများကို စုစည်းလိုက်၍ လေပူအချို့ကို ထုတ်လွှတ်ရပြန်သည်။ တစ်ချိန်တည်းမှာပဲ မင်းသားဝမ်ကို သူသံယောဇဉ်တွယ်မိလို့ မဖြစ်သည့်အကြောင်းကို သူ့ကိုယ်သူ အ​ကြိမ်ကြိမ်၊ အဖန်ဖန် သတိပေးနေရသည်။

သူက ဤနေရာနှင့် အနည်းငယ်မျှ သက်ဆိုင်မှု မရှိသည့်လူတစ်ယောက်။ မစ်ရှင်ပြီးမြောက်သည်နှင့် သူ့ကမ္ဘာကိုသူ ပြန်သွားရမည်ဖြစ်သည်။ သူ့ရည်ရွယ်ချက်ကလည်း သူ့နေရပ်ဌာနေကို ပြန်သွားဖို့ပင်ဖြစ်သည်။ သူ့ဆန္ဒသည်လည်း ထိုအရာသာဖြစ်ရမည်။ သူ၏ ပန်းတိုင်က မစ်ရှင်ပြီးမြောက်ရန်သာဖြစ်သည်။

" ကျွန်တော် လမုန့်ပွဲတော်ကို မင်းသားဝမ်နဲ့အတူ ဖြတ်သန်းချင်တယ် "

တဖြူးဖြူးတိုက်ခတ်နေသည့်အေးမြမြလေများကြားမှ ရှောင်းကျန့်​ဆီက ထွက်လာသည့် အသံက ခပ်တိုးတိုး။ သို့သော် မင်းသားဝမ်နှင့် ရှောင်းကျန့်ကြားက အကွာအဝေးက နီးကပ်နေသောကြောင့် မင်းသားဝမ်ကြားလိုက်မည်ဆိုသည်ကတော့ သေချာပါသည်။

ရှောင်းကျန့်၏ စကားအဆုံးတွင် မင်းသားဝမ်၏ မျက်နှာထက်မှာ အံ့ဩမှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသော်ငြား ထိုအချင်းအရာက ခေတ္တမျှသာ ကြာမြင့်သည်။

အတွေးများနေသည့် ရှောင်းကျန့်ကတော့ ထိုအရာကို သတိထားမိလိုက်ပုံမပေါ်ချေ။

" ကောင်းပြီ "

မင်းသားဝမ်၏ လက်ခံကြောင်းတုန့်ပြန်သည့်စကားကိုကြားလိုက်ရသည့်အခါ ရှောင်းကျန့်၏ မျက်တောင်တို့က တုန်လှုပ်သွားသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now