Chapter - 21

4.1K 446 15
                                    

Unicode

အပိုင်း ၂၁။ ချစ်စရာအပြုအမူ

" လမုန့်က မိသားစုနဲ့အတူတူစားရင် ပိုအရသာရှိတယ် "

" .... "

" လာ...စားကြည့်...အာ "

ကလေးတစ်ယောက်ကို ထမင်းခွံ့သလို လမုန့်ကိုသေချာကိုင်ပြီး ခွံ့ကျွေးလာသူရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က ခပ်တိုးတိုးရယ်မိလိုက်သည်။ လရောင်အောက်မှာ လင်းလက်နေသည့် မျက်ဝန်းနက်များက သူစားမည်ကို မျှော်လင့်စောင့်စားနေပုံပေါ်တာမို့ ဝမ်ရိပေါ်လည်း သူ၏ကိုယ်လုပ်တော်ရှောင်းကျေနပ်သွားစေရန် ထပ်စားလိုက်ရသည့်အခါ သူ့ကို ကြည့်နေသည့် မျက်လုံးဝိုင်းများက ပိုလို့တောက်တောက်ပလာသယောင်။

" ကောင်းလားဟင် "

" မဆိုးပါဘူး "

သူ့အဖြေကို ကျေနပ်ပုံမရသည့်ရှောင်းကျန့်က နှာတစ်ချက်မှုတ်သည်။

" ကောင်းရင်ကောင်းတယ်၊ မကောင်းရင်မကောင်းဘူးပေါ့။ ဘာကိုမဆိုးပါဘူးလဲ "

နှုတ်ခမ်းလေးကိုဆူချွန်ပြီး မကျေနပ်စွာနှင့် ပွစိပွစိပြောနေသည့်ကောင်လေးကြောင့် နှုတ်ခမ်းစွန်းများက အလိုလိုကွေးညွတ်လာတော့သည်။

သို့သော် ကောင်လေး၏ စိတ်အခြေအနေက အလွန်ကောင်းနေပုံရသည်။ သိပ်မကြာခင်မှာပင် ရွှင်မြူးမြူးအသံလေးပြန်ထွက်လာသည်။

" ကျွန်တော်တို့ ဒီည ဘယ်သူ ပိုဉာဥ့်နက်တဲ့အထိ နေနိုင်မလဲ ပြိုင်မလား "

ရှောင်းကျန့်၏ စကားကြောင့် ဝမ်ရိပေါ်က မျက်ခုံးတစ်ဖက်ကိုပင့်မြှောက်ရင်း နားမလည်ဟန်မေးလိုက်သည်။

" ဘာအသုံးဝင်မှာမလို့လဲ "

" လမုန့်ပွဲတော်နေ့မှာ ပိုဉာဥ့်နက်အောင် နေနိုင်တဲ့သူက ပိုအသက်ရှည်တယ်တဲ့။ မင်းသားဝမ် မကြားဖူးဘူးလား "

" ကလေးဆန်လိုက်တာ "

ဝမ်ရိပေါ်က အမှန်ပင် ထိုသို့အယူမျိုးရှိသည်ကို မသိခဲ့ပေ။ အုပ်ချုပ်ရေးပိုင်းကို နည်းနည်းလေးမှ စိတ်မဝင်စားသည့်သူက အရပ်ဘက်ပြည်သူတို့ကြားက အယူဝါဒများကို အရေးမစိုက်ခဲ့မိသည်မှာ အမှန်တရားတစ်ခုပင်။ ကိုယ်လုပ်တော်ရှောင်းနှင့်မှသာ ပွဲတော်ရက်ကို ထွက်လည်ဖြစ်ခဲ့ပြီး သူမကြားဖူးသည့်အရာတချို့သိခဲ့ရခြင်းဖြစ်သည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now