Chapter - 22

3.9K 440 12
                                    

Unicode

အပိုင်း ၂၂။ ထိပ်တန်းလျှို့ဝှက်ချက်

တရိပ်ရိပ်တက်လာသည့်သေရည်ရှိန်ကြောင့် အမူးလွန်ပြီး အိပ်ပျော်သွားတဲ့ ကောင်လေးဟာ မနက်နိုးလာချိန်မှာ ဘာအကြောင်းကြောင့်ရယ်မှန်းမသိ ဖူးယောင်နေသည့် သူ၏နှုတ်ခမ်းကြောင့် အလန့်တကြားနှင့် အော်ငိုပါတော့၏။ တရားခံဖြစ်သူကတော့ မရှိရှိသည့်အကောင်ကိုသာ အပြစ်လွှဲချခဲ့ပါလေရဲ့။ တော်တော်နှင့် အငိုမတိတ်သည့်ရှောင်းကျန့်ဟာ system ၏ အရန်မစ်ရှင်အောင်မြင်ကြောင်း အသိပေးသံကြားလိုက်ရသည့်အခါ သူ၏လက်ရှိ coin များဆီ အာရုံလွှဲပြောင်းသွားပြီး အငိုရပ်သွားပါတော့သည်။ တရားခံကတော့ ထောင့်တစ်နေရာမှာ သက်ပြင်းလေးခိုးချလို့ပေါ့။

ဆောင်းဦးကာလက အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဆောင်းရာသီစစ်စစ်သို့ ကူးပြောင်းရောက်ရှိလာလေသည်။ ဆောင်းဦးလေထက် ပိုအေးမြသည့်လေတို့က ဝင်ရောက်လာခဲ့ပြီး ၎င်းတို့က နှင်းမှုန်အချို့ကိုပါ သယ်ဆောင်လာကြတာကြောင့် မနက်အစောပိုင်းဆိုလျှင် ပတ်ဝန်းကျင်ပတ်ပတ်လည်က မြူနှင်းတို့ ဆိုင်းလို့နေသည်။

ချမ်းချမ်းတုန်စေနိုင်လောက်သည်အထိ ချမ်းအေးသည့် ရာသီဥတုတွင် ရှောင်းကျန့်က အလွန့်အလွန်ကို စိတ်မသက်မသာခံစားနေရပြီး ရင်တွင်း၌ ပူလောင်လျက်ရှိသည်။ အကြောင်းအရင်းမှာတော့ သူ့မှာ ကြီးမားလွန်းသည့် လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေလို့ပါပဲ။

လွန်ခဲ့သည့်ရက်အနည်းငယ်က ရှောင်းကျန့်ဆီသို့ စာတစ်စောင်ရောက်ရှိလာခဲ့သည်။ စာထဲမှာ ပြောထားသည့် အဓိကအကြောင်းအရာကတော့ သူ့ကို မင်းသားဝမ်နှင့်ဝေးဝေးနေစေဖို့ဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို မရစေချင်တာပင်ဖြစ်သည်။ စာကိုဖတ်ပြီးချိန်မှာ ဤခန္ဓာကိုယ်ပိုင်ရှင်က မရိုးရှင်းဘူးဆိုသည်ကို သူသိလိုက်ရသည်။ ရှောင်းကျန့်က ငြိမ်းချမ်းရေးကြောင့် မင်းသားဝမ်နှင့် လက်ဆက်ရခြင်းဖြစ်သော်လည်း အမှန်စင်စစ်တွင်တော့ ရှောင်းတိုင်းပြည်ဘက်မှ သူလျှိုထည့်သွင်းလိုက်သည့်သဘောမျိုးပင်။ သူ၏တာဝန်က တိုင်းပြည်အတွင်းမှာ သိုသိုသိပ်သိပ်နေပြီး အတွင်းသတင်းများကို လက်လှမ်းမီသလောက် စုံစမ်း၍ ပြန်တင်ပြရမည်ဖြစ်သည်။ ဤလပိုင်းအတွင်းတွင် ရှောင်းတိုင်းပြည်ဆီသို့ စာမပို့လာသောသူ့ကို အပြစ်တင်သဘောမျိုးရေးထားသည်ကိုလည်း ဖတ်လိုက်ရသေးသည်။ ရှောင်းတိုင်းပြည်၏ အဓိကရည်ရွယ်ချက်က ဝမ်တိုင်းပြည်အင်အားလျော့လာချိန်တွင် ရုတ်ခြည်းဝင်တိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်။ အင်အားလျော့စေရန်အတွက်လည်း သူတို့က နယ်စပ်မှာ ကမောက်ကမဖြစ်အောင်လုပ်မည်ဖြစ်ပြီး ရှောင်းကျန့်ကလည်း လိုအပ်လျှင် မင်းသားဝမ်၏ အသက်ကို ခြိမ်းခြောက်ဖို့ လိုအပ်သည်တဲ့လေ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now