Chapter - 25

4K 435 29
                                    

Unicode

အပိုင်း ၂၅။ ကြန့်ကြာလွန်းသည့်ခရီးလမ်း

မနက်ရောက်သည့်အခါ နယ်စပ်သို့သွားရန် ရှောင်းကျန့်ကို လာခေါ်သည့် နန်းတွင်းမှလူများနှင့် စစ်သည်အချို့တို့ ရောက်ရှိလာကြသည်။

ရှောင်းကျန့်၏ဒဏ်ရာက ဆေး၏အစွမ်းကြောင့် အနည်းငယ်သက်သာသွားပြီဖြစ်သော်ငြား လှုပ်ရှားမှုပြုတိုင်း နာကျင်နေဆဲပင်။ အရမ်းမဆိုးရွားတော့ရုံ အခြေအနေသာဖြစ်သည်။

အိမ်တော်မှထွက်လာသည့်ရှောင်းကျန့်က မြင်းကိုယ်စီနှင့်လူများကို တွေ့လိုက်ရသည့်အခါ ခြေလှမ်းတို့ ရပ်တန့်သွားသည်။ သူ့အတွက်ပါ မြင်းတစ်ကောင် ယူလာပေးထားသည်ဆိုသော်လည်း မင်းသားဝမ်နှင့်အတူသာ တစ်ခေါက်မြင်းစီးဖူးသည့် ရှောင်းကျန့်က ကိုယ်တိုင်မြင်းနှင်ရန်မှာ အလွန်ကို မဖြစ်နိုင်သော အနေအထားတစ်ခုပင်။

" အားတော့နာပေမယ့် ကျွန်တော်မြင်းမစီးတတ်လို့ပါ "

" ကိုယ်လုပ်တော်ရှောင်းက ဝေါယာဉ်နဲ့ လိုက်ပို့စေချင်တာလား "

ထိပ်ဆုံးရှိ ရဲမက်တစ်ယောက်ကို သူမြင်းစီးရန်မဖြစ်နိုင်ကြောင်း ပြောလိုက်သည့်အခါ ခနဲ့သလိုစကားတစ်ခွန်းသာ တုံ့ပြန်လာသည်မို့ ရှောင်းကျန့်က ခေါင်းကို လျင်လျင်မြန်မြန် ခါပြရသည်။

" မဟုတ်ပါဘူး။ အဲ့လိုဆို ခရီးလမ်းနှောင့်နှေးပါလိမ့်မယ်။ အစ်ကိုတို့ နယ်စပ်ဆီ အရင်သွားနှင့်လိုက်ပါ။ ကျွန်တော် နောက်ကနေ မြင်းလှည်းနဲ့ အမြန်ဆုံး လိုက်လာခဲ့ပါ့မယ် "

ထိုအခါ ရဲမက်က ဤအခြေအနေအား မင်းကြီးကို အကြောင်းကြားရန် လူအချို့လွှတ်လိုက်ပြီး တပ်ကူသွားပို့ရမည့်သူတို့က အရင်ထွက်ခွာသွားကြသည်။ မကြာခင်မှာပဲ မင်းကြီး၏ခွင့်ပြုမိန့်ရရှိကြောင့်လာပြောသည့် ရဲမက်က သူ့အတွက် မင်းသားဝမ်ရှိရာ စစ်စခန်းကို သွားနိုင်ရန် မြေပုံအကြမ်းတစ်ခုကိုလည်း ပေးအပ်ခဲ့သေးသည်။

ရှောင်းကျန့်က သူ့စကားအတိုင်း မြင်းလှည်းတစ်စီးကို ငှား၍ သူ့ဦးတည်ရာက နယ်စပ်ဖြစ်ကြောင်း ပြောခဲ့ပါသော်လည်း နယ်စပ်နေရာထိ သူလိုက်မပို့ရဲကြောင်းနှင့် အနီးစပ်ဆုံး ဖုန့်ချီမြို့အထိသာပို့ပေးနိုင်သည်ဖြစ်ကြောင်း ပြန်ဖြေလာသည်မို့ ရွေးချယ်စရာမရှိသည့် ရှောင်းကျန့်က ခေါင်းညိတ်လက်ခံလိုက်ရသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now