PT { 1 }

919 57 2
                                    

( Zawgyi)

"ဟွမ်းရွမ်ကျွင့်"

"ဘာလဲ ဘာလဲ"

"ငါမသွားချင်ဘူး မသွားချင်ဘူး"

"အန်တီ့ကိုသွားပြောလေ"

"တာရို မင်းကဘာလို့ပျော်နေတာလဲ"

"ပျော်တာလဲမဟုတ်ပါဘူး"

"ငါမသွားချင်ဘူး!!!!"

"မိဘကိုစိတ်ဆင်းရဲအောင်မလုပ်နဲ့ ငါ့ကောင်ရေ"

"မလုပ်ပါဘူး သူတို့ကသာလုပ်နေတာ"

"ထည့်စရာရှိတာထည့်"

တာရိုကပြုံးစိစိနဲ့ အထုပ်တွေပြင်နေပေမဲ့ ဟယ်ချန်းကတော့
မရွှင်မပြုံးနဲ့ ဆူပုတ်ပြီးအထုတ်တွေထည့်နေတယ် ဒါဖြင့်
ကျွန်တော်ကရော အင်းး ပျော်တယ်လည်းမဟုတ်ပေမဲ့
မပျော်တာလဲမဟုတ်ပါဘူး တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့အ
တွေးကြီးပေါ့ သူများနဲ့ပတ်သတ်တာတော့မဟုတ်ပါဘူး
ကျွန်တော်တဲ့ပတ်သတ်တာ

"ကလေးတို့ရေ လာကြတော့"

ဟယ်ချန်းမေမေရဲ့အသံကြားတာနဲ့ကျွန်တော်တို့အထုပ်တွေ သယ်ရင်း လာခဲ့ကြတော့ တာရိုက နားကြပ်ကြီးတပ်ပြီး
ကားထဲကိုစောစောစီးစီးဝင်သွားပြီ

"အီဟယ်ချန်း မင်းအီးမှန်ထားတဲ့မျက်နှာကြီးပြင်ပါကွာ
အန်တီမြင်ရင်စိတ်မကောင်းဖြစ်တော့မယ်"

"ဖြစ်ဖြစ်ပေါ့"

"မင်းဟာလေ ကံကြီးထိုက်မဲ့ကောင်"

"မင်းကတော့စက်ကွင်းမလွတ်ဘူး"

"တော်ပြီမပြောတော့ဘူး"

ဟယ်ချန်းကိုလျစ်လျုရှူရင်း ကားပေါ်တက်ပြီးတော့သာထိုင်
လိုက်သည် ခဏနေတော့ ဟယ်ချန်းက လိုက်တက်လာပြီး
ထောင့်ဆုံးနေရာမှာနေကာ ပြတင်းပေါက်ကိုမှန်ကိုမျက်နှာ
ပြုရင်း ဆူပုတ်ပြီးပွစိပွစိပြောနေတော့တယ် တကယ်မနိုင်ဘူးဒီကောင်ကိုတော့

တာရိုကတော့ နားကြပ်ကြီးတပ်ပြီးမှိန်းနေပြီ လူကြီးတွေလည်းစကားပြောလို့ ကျွန်တော်ကတော့ ဟယ်ချန်းနားဒုက္ခပေးတာကိုခံရတာပေါ့

သွားနေရင်းနဲ့ ကျွန်တော့အိပ်မက်ကိုစဉ်းစားနေမိပြန်တယ်
ကျွန်တော်အိပ်မက်မက်ခဲ့တာဒီခရီးမထွက်ခင် တစ်ပတ်လောက်ထဲကပေါ့ ညို့မှိုင်းတဲ့တောတန်းပေါ်မှာ အနက်ရောင်
စံအိမ်ကြီးနဲ့ စံအိမ်ကြီးရဲ့အရှေ့မှာရပ်နေတဲ့ ကျောပြင်လေး
ဝမ်းနည်းနေသယောင်ရှိပေမဲ့သူ့မျက်နှာကိုမမြင်ရ သို့ပေမဲ့
ချောဟန်တော့ရှိသည်

Love Is Yours [S1]Where stories live. Discover now