PT { 12 }

236 42 2
                                    

(Zaw)

စိတ်ပုစရာကောင်းတဲ့ အတွေးတွေကို ရွမ်ကျွင့်ဆက်ပြီးတွေးနေမိ ပြန်ပါသည် ရေကန်ထဲမှာ ခြေထောက်ကိုရေစိမ်
နေပေမဲ့ ချွေးများပင် ပြန်လာလောက်အောင် အဲ့ဒီအတွေး
ကသူ့ကို မွန်းကျပ်စေပါသည်

"မပြန်လာလို့မရဘူးလား မပြန်လာပါနဲ့နော်"

တစ်ယောက်ထဲသာ ဆိုနေရင်း ဘယ်သူမှ မကြားနိုင်တဲ့
တစ်နေရာကိုသွားပြီး "ခင်ဗျားကို ချစ်တယ်" လို့အကျယ်
ကြီးအော်ပြောချင်လိုက်တာ အဲ့တာဆို ဟယ်ရီယာနာက
သူ့အချစ်ကို နားလည်ပြီး ပြန်မလာလောက်တော့ဘူးမ
ဟုတ်လားလေ

မနက်ထဲကရောဟအရင်နေ့တွေကပါ အနေအေးသွားတဲ့
ရွမ်ကျွင့်ကို ဂျယ်မင်း သတိထားမိပါသည် ဂျယ်မင်းတင်မက
တာရိုနဲ့ ဟယ်ချန်းကပါ သတိထားမိသည် ဘယ်လိုဘဲဖြစ်
ဖြစ် မင်္ဂလာရက်က နီးလာပြီမို့ ရွမ်ကျွင့်အနေနဲ့ စိတ်ဆင်းရဲ
နေရင် နည်းနည်းမှ မကောင်းပါ

"ဆောင်းချန်း"

"ဟုတ်ကဲ့ အကို"

"ရွမ်ကျွင့်ကိုတွေ့မိလား"

"အကို့ ရေကန်မှာထင်တာဘဲ"

"အော် ကျေးဇူးဘဲနော်"

ဆောင်းချန်းပြောတဲ့ ရွမ်ကျွင့်ရှိတဲ့ ရေကန်ကိုပြေးသွားလိုက်
တော့ မှိုင်ထွေနေတဲ့ ရွမ်ကျွင့်ကိုတွေ့တော့သည် ဘာတွေ
များ စိတ်ဆင်းရဲနေလို့ ဒီလောက် တောင်ပိန်သွားရတာပါ
လိမ့် ဂျယ်မင်း ရွမ်ကျွင့်အနားမှာဝင်ထိုင်မိသည်

"ဘာတွေစဉ်းစားနေတာလဲ"

"ဂျယ်မင်းနီ"

"အင်း ဘာဖြစ်လို့လဲ"

"ခင်ဗျား ကျွန်တော့်ကိုမထားခဲ့နဲ့နော်"

"မထားခဲ့ပါဘူး"

"ခင်ဗျားကို ယုံပေမဲ့ ကျွန်တော်အခုအရမ်းရှုပ်ထွေးနေတယ်
မတော်လို့များ ခင်ဗျားက အပြောင်းအလဲတစ်ခုခုကြောင့်
ကျွန်တော့်ကိုထားခဲ့ရင် ကျွန်တော်...."

"ရွမ်ကျွင့် တော်ပြီ မဟုတ်တာတွေမတွေးနဲ့ ငါကမင်းကို
ထားခဲ့မယ့်အကြောင်းမရှိဘူးလေ"

"အဲ့ဒီအကြောင်း ပေါ်လာမှာကို ကြောက်တာ"

"ပေါ်လာခဲ့ရင်လည်း ငါဖျက်ပစ်မှာမို့ မင်းဒီလိုကြီး မငိုင်နေပါနဲ့ မင်းနဲ့မလိုက်ဘူး"

Love Is Yours [S1]Where stories live. Discover now