(Zawgyi)
ရွမ်ကျွင့်တစ်ယောက်မနက်ဖြန်မှရောက်မဲ့သူ့အလှည့်အတွက် အခုထဲက ကြိုတင်ရင်ခုန်နေပြန်တယ်
ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ တာရိုတုန်းကလည်း မရွေးလိုက်ဘူးတဲ့ ဟယ်ချန်းကိုလည်း မရွေးဘူးတဲ့ဒါဆို
သူကရော တာရိုကိုက စကားနည်းလို့နေမှာပါ ဟယ်ချန်းကို
က စကားများလို့နေမှာပါ ဒါဖြင့်သူက ဘယ်လိုပြောရမှာလဲ
တာရိုဆိုနှစ်ရက်လုံးမှ ၂၄ နာရီအပြည့်မမြင်ရဘူးတဲ့ ဟယ်
ချန်းကတော့ ၂ နာရီ ၃ နာရီမြင်ရဖို့တောင်အကြိတ်အနယ်
ဘဲတဲ့ ဒါဆိုကျွန်တော်ကရောအာ မသိတော့ဘူးမသိတော့ဘူး မနက်ဖြန်ကျရင်တော့
အဆင်ပြေမှရမယ် မဟုတ်ရင် မှတ်ညဏ်အဖျောက်ခံရပြီး
ကျွန်တော့်ရဲ့သခင်လေးကို ထာဝရမေ့ဖျောက်ပစ်လိုက်ရမှာ အဲ့လိုမှမဟုတ်ရင်းလည် တစ်သက်လုံ ကျွန်တော်ဘဲသတိ
ရနေရမှာ ဟယ်ရီယာနာထက်ပိုပြီး ကျွန်တော်ကစောတွေ့
သင့်တာ အဲ့တာမှ ဟယ်ရီယာနာအစား ကျွန်တော်က သူ့နားမှာရှိမှာလေ"မျက်စိနောက်တယ်"
"အေးလေ အောင်စာရင်းထွက်တုန်းကတောင် အဲ့လောက်
မဟုတ်ပါဘူး""သေရေးရှင်ရေးဖြစ်နေပြီလား"
"အေးလေကွာ"
"မင်းတို့ကောင်တွေပြောထားပေါ့ကွာ ချစ်မှမချစ်ဘူးတာ"
"ဘာလဲ သခင်လေးမှ မရရင်သေမှာလား"
"အေးကွ အေးအေး"
"အဲ့ဆို စောစောစီးစီးသေတာဘဲကောင်းတယ်"
"ကိုယ်ချင်းစားစိတ်ကိုမရှိဘူး"
"သူကစကားတောင်ပြောတာမဟုတ်ဘူး တာရိုလို လူရိုးလေးကိုလည်းစကားမပြော ငါ့လိုစကားများတဲ့သူကိုလည်း စကားမပြော မင်းလို စကားကို လက်ပေါက်ကပ်အောင်ပြော
တဲ့သူဆို ကိုတောင်ဆိုးသေး""ငါကသူ့ကိုလက်ပေါက်ကပ်အောင်ပြောမလား"
"မင်းပြောရင်တောင် သူကမင်းကိုအားရုံစိုက်မှာမဟုတ်ဘူး
စိတ်ကူးယဉ်မနေနဲ့""ဟူး"
သက်ပြင်းအရှည်ကြီးချလိုက်ရင်း ကျွန်တော်အတော်လေး
စိတ်ညစ်မိပါသည် ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး
ကျွန်တော်ကိုယ်တိုင်ကလည်း စိတ်မရှည်တတ်တဲ့သူမို့ သူ
သာကျွန်တော်ပြောတဲ့စကားတွေကိုအာရုံမစိုက်ရင် ကျွန်
တော်ဒေါသထထွက်မှာလည်း စိတ်ပူမိပါသည်
YOU ARE READING
Love Is Yours [S1]
Fanfiction"ကျွန်တော်က ခင်ဗျား ကိုတကယ်ချစ်တာ " ချစ်ခြင်းတရားတွေက လှပပေမဲ့ တစ်ချို့သော ချစ်ခြင်းတရားတွေကမလှပဘူး ကိုယ်ဖန်တီးထားတဲ့အချစ်ကလှပေမဲ့ ကြုံလာရတဲ့အချစ် ကလှချင်မှလှမှာ ( U+Z) Jaeren ( Renmin ) "ကျွန်တော်က ခင်ဗျား ကိုတကယ်ချစ်တာ " ချစ်ခြင်းတရားတွေက လှပ...