PT { 2 }

309 55 0
                                    


( Zawgyi)

ဟယ်ရီယာနာ
သိပ်ကိုလှတဲ့မိန်းကလေး တစ်နည်းအားဖြင့် စုန်းမလေး
မချစ်သင့်တဲ့ မိစ္ဆာမျိုးနွယ်နဲ့ ချစ်ကြိုးသွယ်ခဲ့ပြီး သူမဟာ
ယခုထိတိုင် ပျောက်ဆုံးနေဆဲ

ဟယ်ရီယာနာ အကြောင်းနားထောင်ရင်းကျွန်တော်တို့ ငြိမ်
သက်နေမိကြသည် ရွာထဲကတစ်ချို့သူတွေက စုန်းမလေး
ဟယ်ရီယာနာကို ချစ်မြတ်နိုး သဘောကျကြသတဲ့ဘာလို့
ဆိုသူက စုန်းမျိုးဆက်မှာအလှဆုံးဖြစ်နေလို့လေ ပြီးတော့
မိစ္ဆာမျိုးကိုနှိမ်နင်းနိုင်တာမို့တဲ့လေ

"သူပျောက်နေတာကြာပြီပေါ့နော်"

"အင်းးး ဒါကနှစ်ပေါင်းရာချီကြာနေပါပြီ ပြောစရာပုံပြင်
တစ်ခုလိုတောင်ဖြစ်နေပြီ"

"ဒါပေမဲ့ အဲ့ဒီဟယ်ရီယာနာက မိစ္ဆာမျိုးနွယ်နဲ့ ချစ်မိလို့ ပျောက်သွားတာလား"

"အင်း ဟုတ်တယ် ရှေးကလူကြီးတွေပြောတာတော့ သူတို့က ရန်သူတွေလေ ဒါပေမဲ့ ဟယ်ရီယာနာပျောက်သွား
တာကို မိစ္ဆာမျိုးနွယ်ကတောင် ဘယ်လိုပျောက်သွားမှန်းမသိ
ဘူးတဲ့လေ"

"သူနဲ့ချစ်မိတဲ့ မိစ္ဆာကရော "

"အဲ့တာတော့မသိဘူး ငါတို့နဲ့လည်း ဝေးကွာတဲ့အကြောင်း
မို့ မသိဘူး"

"ဟယ်ချန်းရယ် မင်းမေးနေတာတွေတော်တော့ နှစ်ပေါင်း
ကြာနေပြီကိုကွာ"

"တာရို မင်းစဉ်းစားကြည့်လေကွာ သေချာပေါက် အဲ့ဒီမိစ္ဆာ
မျိုးနွယ်နဲ့ ဆက်စပ်နေမှာဘဲလေ သူတို့တွေကရန်သူ ပြီးတော့ ချစ်မိပြီးပျောက်သွားတယ်တဲ့ ယုတ္တိရှိလို့လား"

"မင်းကသိချင်ပြီး ဘာလုပ်မလို့လဲ"

"သြော် ရွမ်ကျွင့်ရယ် အဲ့ဒီစုန်းမလေးကို သနားမိသလို
ဖြစ်လို့ပါ "

"ငါတော့မထင်"

"အေးလေ စုန်းမများ သနားရဦးမယ်တဲ့ ကျန်ခဲ့တဲ့မိစ္ဆာဘဲသ
နားမှာပေါ့ သူတောင်ဘာမှသိတာမှမဟုတ်တာ"

"ရွမ်ကျွင့်မင်းဘယ်လိုထင်လဲ"

"ဟယ်ရီယာနာနဲ့ ပတ်သတ်ပြီး ငါကောင်းတဲ့ခံစားချက်
တော့မရပါဘူး လှတာကအန္တရာယ်များတယ်လေ"

Love Is Yours [S1]Where stories live. Discover now