PT { 11 }

234 40 5
                                    

(Zaw)

မင်္ဂလာရက်လည်းနီးလာပြီမို့ ရွမ်ကျွင့်တစ်ယောက်စိတ်တွေ
လှုပ်ရှားနေမိပါသည် မင်္ဂလာပွဲအတွက် ဘာမှအထိအခိုက်မ
ရှိအောင် သူဆုတောင်းချင်လှပါသည်

"ဆောင်းချန်း"

"ဟုတ်"

"ဟိုဟာ ဒီအနီးနားမှာ ဘုရားကျောင်းမရှိဘူးလား"

"ဘယ်ကရှိမှာလဲ မေးတတ်တယ်နော်"

"ဟုတ်သားဘဲနော်"

"ဘာလုပ်မို့မေးတာလဲ"

"ငါ့မင်္ဂလာပွဲကို အောင်အောင်မြင်မြင်ဖြစ်စေချင်လို့လေ"

"အေးဆေးဘဲဖြစ်မှာပါ အကိုဂျယ်မင်းကကောင်းတဲ့သူပါ"

"သိပါတယ် ဒါပေမဲ့ ဘာမှစိတ်မချရဘူးလေ"

"မဟုတ်မှ ဟယ်ရီယာနာကိုစိတ်ပူနေတာလား"

ဆောင်းချန်းပြောစကားက အမှန်အကန်ကိုမှန်ပါသည်ဟယ်
ရီယာနာက သေဆုံးသွားသူမဟုတ်သလို ဒီတိုင်းပျောက်ဆုံး
နေသူတစ်ယောက်ရယ်မို့ ဘယ်ချိန်ပြန်ပေါ်လာမယ်မှန်းမသိ
နိုင်ဘူးလေ ဂျယ်မင်းကလည်း သူမကိုသိပ်ချစ်သည်မဟုတ်
လား မတော်လို့များ ဟယ်ရီယာနာက ပြန်ပေါ်လာပြီး သူ့
စိတ်ကူးတွေပျက်စီးကုန်မှဖြင့်

"မပူပါနဲ့ အကိုရွမ်ကျွင့်ရယ်"

"မင်း ဟယ်ရီယာနာကိုမြင်ဖူးလား"

"မြင်ဖူးစရာလား ကျွန်တော်လည်းလူလေ သူတို့သက်တမ်း
ကိုမှီစရာလား"

"အေးပေါ့"

"တကယ်လို့ အကိုဆုတောင်းချင်တယ်ဆိုရင်တော့ သူတို့အ
ကြီးအကဲဆီမှာ ဆုတောင်းလေ ဒီမှာက သူတို့က သူတို့ရဲ့
နတ်ဆိုးအကြီးအကဲတွေဘဲ အယုံအကြည်ရှိတာ"

"နတ်ဆိုး"

"ဟုတ်တယ် နတ်ဆိုး နှစ်ပေါင်းထောင်သောင်းလောက်နေ
ပြီး သေဆုံးသွားတဲ့ သူတို့ရဲ့ဘိုးဘွားတွေက နတ်ဆိုးအဖြစ်
ရှိနေတယ်လို့ သူတို့ကယုံကြည်ကြတယ်လေ ပြီးတော့ဆု
တောင်းလိုက်ရင် တကယ်လည်း ဖြစ်လာတာရှိပါတယ်"

"အဲ့တာဆို အဲ့ဒီနေရာကဘယ်မှာလဲ"

"သွားချင်လို့လား"

Love Is Yours [S1]Where stories live. Discover now