အခန်း(23.1)

28.5K 2.4K 40
                                    

အခန်း(23.1)

မထီရာ ကုမ္ပဏီသို့သွားကာ ချက်ချင်း အရေးပေါ်အစည်းဝေးခေါ်လိုက်၏။

သူတို့ ကုမ္ပဏီ၏ လျှို့ဝှက်အချက်အလက်များ တဖက်ကုမ္ပဏီတစ်ခုသို့ ရောင်းစားခံလိုက်ရသည်။

မထီရာ ကိုယ်တိုင် ဦးစီးတီထွင်ထားသည့် နည်းပညာ ထုတ်ကုန်အသစ်၏ အချက်အလက်များအပါအဝင် ကုမ္ပဏီ၏ အရေးကြီး data များအားလုံး ခိုးယူခံလိုက်ရခြင်းပင်။ သေချာပေါက် အကုန်လုံးတွက် ဖိအားမသေးချေ။

ဆုံးရှုံးမှုပမာဏလည်း လွန်စွာများပြား၏။ အခုအရေးကြီးဆုံးအချက်သည် သူလျှိုအား ဖော်ထုတ်ရန်ပင်။ ဆုံးရှုံးမှုများက ဖြစ်ပြီးသွားချေပြီ။ ပြန်ပြင်ဆင်၍ မရနိုင်တော့။

သူလျှိုအား ရှာမတွေ့ဘဲ ဆက်ရှိနေမည်ဆိုလျှင် ပိုပြီးအန္တရာယ်များလှသည်။

မထီရာ အစည်းအဝေးခန်းထဲရှိ ဌာနအသီးသီးမှ အရေးပါသော ဝန်ထမ်းများ၏မျက်နှာအား တစ်ယောက်ချင်းစီ သေချာလေ့လာနေလိုက်၏။

အချက်အလက်များအား အလွယ်တကူသယ်ထုတ်သွားနိုင်သည်မှာ သေချာပေါက်အမြင့်ပိုင်းထဲက ဖြစ်ရမည်။

"ဒါ ဌာနအသီးသီးက ခေါင်းဆောင်ဝန်ထမ်းအကုန်လား"

"ဟုတ်ကဲ့ CEO"

အတွင်းရေးမှူးစကားအား ခေါင်းညိတ်ပြပြီး သူနောက်တဖန် အားလုံးအား သေချာပြန်ကြည့်လိုက်သည်။

ထို့နောက် သူ၏အတွင်းရေးမှူးအား နားနားကပ်၍ စကားတချို့တီးတိုးပြောကာ ညွှန်ကြားလိုက်၏။

အတွင်းရေးမှူးက ခေါင်းညိတ်ပြကာ အစည်းအဝေးခန်းမှ ထွက်ခွာသွားသည်။

"အခုပဲ ကုမ္ပဏီရဲ့ အရေးပေါ်အခြေအနေကို အားလုံးကြားပြီးပြီလို့ထင်တယ်"

အားလုံး တိတ်ဆိတ်နေကြ၏။ မထီရာ့ပြောမည့်စကားအား ဆက်အာရုံစိုက်နေကြပုံပေါ်သည်။

"ကုမ္ပဏီရဲ့ သူလျှိုက ဒီအစည်းအဝေးခန်းထဲက လူတွေပဲ ဖြစ်လိမ့်မယ်...ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက် dataတွေအကြောင်းသိသူတွေကလည်း ဒီအခန်းထဲကလူတွေအပြင် အပြင်လူမရှိဘူး...မနေ့က ညနေ ၂  နာရီခွဲလောက်မှာ ကျွန်တော့်အတွင်းရေးမှူးက ဒီအချက်အလက်ဖိုင်တွေကို စစ်ဆေးခဲ့သေးတယ်...ရုံးဆင်းချိန်က  ၄နာရီခွဲ...နောက်နေ့မနက်ရုံးတက်ချိန်မှာ အချက်အလက်တွေအကုန်အခိုးခံလိုက်ရတာ...ဒါဆို ကျူးလွန်သူက ၂ နာရီခွဲ ကနေ ၄ နာရီခွဲ အပိုင်းခြားမှာ ခိုးသွားခဲ့တာပဲ...ဒီအစည်းအဝေးခန်းထဲကလူတွေ အဲအချိန်အပိုင်းခြားက အလီဘိုင်ကိုပြောပြပေးကြပါ...ရုံးချိန်မို့ သေချာပြောပြနိုင်ကြမယ်လို့ထင်တယ်"

Dear Nobleman(Complete)Where stories live. Discover now