အပိုင်း(42)

29.2K 2.2K 395
                                    

အပိုင်း(42)

လေးနှစ်ကြာပြီးနောက်....

ကျယ်လောင်စွာ အဆက်မပြတ်မြည်နေသော နှိုးစက်အသံကြောင့် မထီရာ လေးလံနေသော မျက်ဝန်းများအား မနည်းဖွင့်လိုက်ရ၏။

မထချင်သေးသော်လည်း အလုပ်ရှိသေးသောကြောင့် ထထိုင်ကာ ခြေလက်များအား အတင်းဆွဲဆန့်လိုက်သည်။

နာရီအား ကြည့်လိုက်တော့ အလုပ်မသွားခင် ပြင်ဆင်ရန် တစ်နာရီခွဲ အချိန်ရသေး၏။

ရေချိုးခန်းထဲဝင်ကာ ရေချိုးချပြီးနောက် အဝတ်ဗီရိုထဲမှ အဖြူရောင် ကျောက်များနှင့်အလှဆင်ထားသည့် အနက်ရောင်ရှပ်အင်္ကျီအား ဝတ်ဆင်လိုက်သည်။ ဆွယ်တာ အပေါ်ဝတ် အသားရောင်အား ထပ်ဝတ်လိုက်ပြီးနောက် ချိန်းကြိုးအနည်းငယ်ပါဝင်သော ဂျင်းဘောင်းဘီ နက်ပြာရောင်ဖြင့် တွဲဖက်လိုက်၏။

ကိုယ်လုံးပေါ်မှန်တွင် ထင်ရှားစွာ ပေါ်လွင်နေသည့် ယုံကြည်မှုအပြည့်ဖြင့် တက်ကြွလန်းဆန်းကာ ချောမောနေသော လူငယ်လေးပုံရိပ်အား စိတ်ကျေနပ်သည်ထိ ကြည့်ရှုပြီးနောက် အနားယူရန် တီဗီရှိရာဆီသွားလိုက်သည်။

တီဗီရှေ့ ဆိုဖာတွင် ထိုင်လိုက်ပြီး စားပွဲပေါ်တင်ထားသော သစ်သီးခြင်းထဲမှ ပန်းသီးတစ်လုံး ကောက်စားကာ ရီမုနှိပ်၍ တီဗီဖွင့်လိုက်၏။

နာရီအား လှမ်းကြည့်လိုက်တော့ တီဗီကြည့် အနားယူရန် အချိန်ရသေးသည်။

ဆိုဖာတွင် ဝင်ထိုင်ကာ မနက်စာအဆာပြေစားရန် ကြက်ကြော် delivery မှာလိုက်ပြီးနောက် ချန်နယ်တစ်ခုအား ဖွင့်ထားလိုက်သော်လည်း သူ၏စိတ်အာရုံသည် တီဗီတွင် ရှိမနေချေ။

အချိန်တို့ တရွေ့ရွေ့ကုန်ဆုံးလာသည်မှာ လေးနှစ်တောင် ကြာနေခဲ့ပြီ။ ပင်ပန်းသမျှ အရာအားလုံးအား လွှတ်ချကာ ဤအေးချမ်းသောမြို့လေးတွင် လာရောက်ပုန်းအောင်းနေမိ၏။

မြို့အစွန်တွင် တည်ရှိကာ ရွာများနှင့်ပင် ပို၍နီးသောကြောင့် လူနေလည်း မထူထပ်ပေ။

ဒီလေးနှစ်အတွင်း တစ်ယောက်တည်း ကြောက်ရွံ့ခဲ့သည့်အချိန်များလည်းရင်ဆိုင်ခဲ့ရသည်။ ပင်ပန်းမှုများစွာလည်း ကြုံခဲ့ရ၏။ သတိရတမ်းတစိတ်တို့ကြောင့် ညလုံးပေါက် ငိုခဲ့ရသည့်အချိန်များလည်း ရှိခဲ့သည်။ သို့သော် သူ အားလုံးအား ကျော်ဖြတ်နိုင်ခဲ့၏။

Dear Nobleman(Complete)Donde viven las historias. Descúbrelo ahora