အခန်း(15)

51.1K 3.3K 208
                                    

အခန်း(15)

လူများရှုပ်ယှက်ခတ် သွားလာနေသော လေဆိပ်တွင် လူငယ်တစ်ယောက်သည် luggage တစ်လုံးအား ဆွဲကာ တည်ငြိမ်စွာ လမ်းလျှောက်လာ၏။

ဂျင်းဘောင်းဘီအပြာဖျော့ထဲသို့ အဖြူစင်းရှပ်လက်ရှည်အောက်ပိုင်းတဖက်ထိုးသွင်းကာ ဝတ်ဆင်ထားသည်။ ကျန်အင်္ကျီအောက်ပိုင်းတဖက်အား ဘောင်းဘီအပြင်ဘက် ချထားလေ၏။

ဂျင်းဘောင်းဘီတွင် ရှိသော ချိန်းကြိုးများက လမ်းလျှောက်လိုက်တိုင်း ယိမ်းကာလှုပ်ခါသွားစေသည်။

အပေါ်မှ ပေါင်လောက်ထိကျသော အသားရောင်ကုတ်အင်္ကျီအရှည်အား ထပ်ဝတ်ဆင်ထားကာ နေကာမျက်မှန်တပ်ဆင်ထားသောကြောင့် မျက်နှာအားထင်ရှားစွာ မမြင်ရ။

အနက်ရောင်ဆံသားများက လေယာဥ်အကြာကြီးစီးလာရသောကြောင့် ခပ်ပွပွဖြစ်နေသော်လည်း စတိုင်ကျကာ လိုက်ဖက်နေသည်။

လက်တဖက်က ဘောင်းဘီအိတ်ထောင်ထဲထိုးသွင်းကာ luggageကိုင်၍ လျှောက်လာသူသည် ခန္ဓာကိုယ် အချိုးအစားက idolတစ်ဦးနှင့် အလားသဏ္ဍာန်တူနေ၏။

ဘေးမှဖြတ်သွားသူ တချို့တလေတို့ ထိုဆွဲဆောင်မှုအား မျက်နှာမလွှဲနိုင်စွာ မသိမသာငေးကြည့်သွားကြသည်။

ထိုသူ လေဆိပ်အပြင်ရောက်သည်နှင့် စီတန်းနေသောကားတန်းနှင့် အနက်ရောင်အနောက်တိုင်း တူညီဝတ်စုံ ဝတ်ထားသူများက အဆင်သင့်စောင့်ကြိုနေကြ၏။

ထိုသူ၏နှုတ်ခမ်းတို့ အထက်သို့ကွေးညွှတ်သွားကာ ရှေ့ဆုံးကားဆီ ဦးတည်သွားလိုက်သည်။

သန်မာတောင့်တင်းသော အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသူတစ်ယောက်က တံခါးအားတရိုတသေဖွင့်ပေးလာ၏။

ထိုလူငယ်၏ Michael Jordan's sneakers စီးထားသော ခြေထောက်တဖက်က ကားပေါ်တက်မသွားဘဲ ကားတံခါးဖွင့်ပေးသူ၏ခြေဖမိုးပေါ်
အားဖြင့်နင်းချလိုက်သည်။

"ငါဒီကို တိတ်တဆိတ်လာတာ...ဒီလောက်ထင်ထင်ပေါ်ပေါ် ကြိုဆိုဖို့ လိုလို့လား"

ထိုသူ၏ နှုတ်ခမ်းတို့က လုံးဝအပြုံးမပျက်သောကြောင့် အတွင်းကြေအောင်ထိ အတန်ကြာနင်းခံထားရသောခြေဖမိုးတဖက်သာမရှိလျှင် ဒေါသထွက်နေသည်ဟုလုံးဝထင်နိုင်စဖွယ် မရှိချေ။

Dear Nobleman(Complete)Kde žijí příběhy. Začni objevovat