အပိုင်း(၂)
မထီရာ နိုဘယ်ချားလော့နှင့် မျက်နှာချင်းဆိုင်ရှိနေရာမှ အမြန်လစ်ထွက်နိုင်ရန် ပြင်လိုက်၏။
သူ အခုချိန် နိုဘယ်ချားလော့နှင့် စကားမများချင်သေး။
ထွက်ပြေးရန်ပြင်နေသော သူ၏လက်အား အနက်ရောင်လက်အိတ်တို့ ဝတ်ဆင်ထားသည့် လက်တစ်ဖက်က အတင်းချုပ်ကာ ဆွဲထားလိုက်၏။
"ဒါကဘယ်လဲ"
"မင်းအဖေနဲ့ သွားတွေ့မလို့"
နိုဘယ်ချားလော့၏ မျက်ခုံးတန်းတို့က ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြသည်။
"ကျွန်တော့်အဖေက ငရဲမှာ...ခင်ဗျားက သေရာလိုက်သွားချင်တာလား"
မထီရာ နှုတ်ခမ်းစွန်းတစ်ဖက်တို့ တွန့်ကွေးကာ ပြုံးလိုက်ပြီး
"ငါ လိုက်သွားသင့်လား"
နိုဘယ်ချားလော့ဆီမှ လှောင်ရယ်သံ ထွက်ပေါ်လာ၏။
"ဟက် အရက်သောက်ပြီး ကားပြိုင်မောင်းတယ်...ခင်ဗျားအရမ်း သေချင်လည်း သေလို့မရဘူး...ကျွန်တော့်ဆီက ယူထားတဲ့အကြွေးတွေ အရင်ဆပ်ခဲ့...ကျေသွားရင်လည်း ကိုယ့်ဘာကိုယ်သတ်သေဖို့ မစဥ်းစားနဲ့....ကျွန်တော် သေခွင့်ပြုမှ ခင်ဗျား သေရမယ်"
မထီရာ သူ့အား ခြိမ်းခြောက်နေသူဆီ ပြန်စိုက်ကြည့်လိုက်ကာ စကားနှစ်လုံးဖြင့် တုံ့ပြန်ပေးလိုက်၏။
"သောက်ရူး"
နိုဘယ်ချားလော့ သူ၏အိတ်ကဒ်ထဲမှ ဖုန်းထုတ်ကာ ဖုန်းနံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။
"ငါပြောထားတဲ့လိပ်စာ မှတ်မိလား...အခုမင်းလူတွေ လွှတ်ပြီး လာဖမ်းခိုင်းလိုက်...ဒီမှာ အထက်တန်းလွှာ သူဌေးသားတွေ တပုံကြီး...သူတို့မိဘတွေဆီက မင်း လုံလုံလောက်လောက်ရလိမ့်မယ်"
မထီရာ ဒေါသထွက်ကာ နိုဘယ်ချားလော့၏ အင်္ကျီကော်လံစနှစ်ဖက်အား ခပ်ကြမ်းကြမ်းစုကိုင်လိုက်၏။
"မင်း ဘာလုပ်တာလဲ နိုဘယ်ချားလော့"
နိုဘယ်ချားလော့က သူ၏လက်များအား အပေါ်မှပြန်၍ အုပ်မိုးလိုက်ကာ ဆုပ်ကိုင်လိုက်သည်။
KAMU SEDANG MEMBACA
Dear Nobleman(Complete)
RomansaPossessive/Mprg/Married life မာနခေါင်ခိုက်သော ဒုတိယမျိုးဆက်သခင်လေးအား ပိုင်ဆိုင်နိုင်ရန် အကွက်ချစီမံခဲ့သော ပြန်လည်မွေးဖွားလာသည့် ဥက္ကဌဖြစ်သူ မွေးစားညီငယ်လေး တို့အကြောင်း ရသစုံ ဇာတ်လမ်းလေး။ ⚠️ရိုင်းစိုင်းသော အဆဲအဆို အသုံးနှုန်းများ ပါဝင်သည်။ ⚠️သွေးထွ...