အပိုင်း(7)
နိုဘယ်ချားလော့ ပိတ်ထားသောတံခါးပေါက်ဘက်သို့ မျက်နှာလှည့်ကာ ပြုံးလိုက်မိ၏။
သူ အစကတည်းက လုံးဝ မူးမနေခဲ့။ ကုတ်အတွင်းပိုင်းကိုသာ အနံ့စွဲအောင် ဝိုင်တချို့တမင်လောင်းချခဲ့ခြင်းပင်။
အကုန်လုံးသည် သူ၏အစီအစဥ်တွေသာ။ မထီရာ၏စိတ်ကို သိလိုသောကြောင့် ညစာစားပွဲတွင် သူ့အားအတင်းကပ်နေသော အမျိုးသမီးအားတမင် အကပ်ခံခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ထိုအမျိုးသမီး ဘယ်သူမှန်းတော့ သူ မသိ။ စိတ်လည်းမဝင်စားပေ။
သူ့အား တကယ်မူးနေသည်အထင်နှင့် လိုက်ပို့ဖို့ပြင်နေခြင်းကို ခွင့်ပြုလိုက်သော်လည်း သူကားပေါ် မတင်ချင်သောကြောင့် အရေးကြီးဧည့်သည်တစ်ယောက်ကြိုစရာရှိသည်ဟူသော ဆင်ခြေဖြင့်ကားပြန်လွှတ်လိုက်၏။
အလိုက်သိသော driverက သူ နှစ်ခါပြောစရာပင် မလို။
Lover seat သည် မထီရာ တစ်ယောက်တည်းအတွက်သာ။ ထို့ပြင် သူစိမ်းမိန်းမတစ်ယောက်၏အငွေ့အသက်လည်း သူ့ကားထဲကျန်မနေစေချင်။
ထိုအမျိုးသမီး ကားပေါ်ရောက်သည်နှင့် စကားမပြောချင်သောကြောင့် သူ အိပ်ချင်ယောင် ဆောင်ဖြစ်ခဲ့၏။
နိုဘယ်ချားလော့ ပြန်တွေးနေရင်းမှ အိတ်ကပ်ထဲထည့်ထားသော ဖုန်းအားထုတ်ကာ သူ၏ ကိုယ်ရံတော်ခေါင်းဆောင်ဆီ ဖုန်းဆက်လိုက်၏။
"အမိန့်ရှိပါ သူဌေး"
"ကား လာပို့ပြီလား"
"လာပို့ပါပြီ သူဌေး...Driver က တခါတည်း သိမ်းပေးသွားပါတယ်"
"ဒီနေ့ မင်းလုပ်တာအဆင်ပြေတယ်...ဒီအိမ်ထဲ ငါနဲ့မထီရာကလွဲလို့ ဘယ်သူမှမဝင်စေနဲ့"
"ဟုတ်ကဲ့"
"တခြားပြောစရာရှိသေးလား"
ကိုယ်ရံတော်ခေါင်းဆောင်ဘက်မှ အသံတခဏတိတ်သွားကာ တခုခုပြောရန် စဥ်းစားနေပုံပေါ်သည်။
"ပြောစရာရှိရင် မြန်မြန်ပြော"
"သခင်လေးကိစ္စပါ...ဒီနေ့သခင်လေးလုပ်လိုက်တာက အရမ်းအန္တရာယ်များတယ်...တဇွတ်ထိုးဆန်သွားတယ်...သူဌေးကိုပါ ထိခိုက်စေတော့မလို့"
ŞİMDİ OKUDUĞUN
Dear Nobleman(Complete)
RomantizmPossessive/Mprg/Married life မာနခေါင်ခိုက်သော ဒုတိယမျိုးဆက်သခင်လေးအား ပိုင်ဆိုင်နိုင်ရန် အကွက်ချစီမံခဲ့သော ပြန်လည်မွေးဖွားလာသည့် ဥက္ကဌဖြစ်သူ မွေးစားညီငယ်လေး တို့အကြောင်း ရသစုံ ဇာတ်လမ်းလေး။ ⚠️ရိုင်းစိုင်းသော အဆဲအဆို အသုံးနှုန်းများ ပါဝင်သည်။ ⚠️သွေးထွ...