အပိုင်း(43)

31.1K 2.2K 273
                                    

အပိုင်း(43)

"အရာရှိတွေက ဒီကို ဘာကိစ္စရှိလို့လဲမသိဘူး"

မထီရာ ကြောင်အစွာ ရဲများအား မေးမြန်းလိုက်သည်။ သူ၏ အံ့သြနေပုံကြောင့် ခေါင်းဆောင်ဖြစ်သော အရာရှိက ချက်ချင်းရှင်းပြလာလေ၏။

"စိတ်မပူပါနဲ့ သခင်လေး...သခင်လေး မထီရာနဲ့ သခင်ငယ်လေး ချားလော့တို့ကို စောင့်ရှောက်ဖို့ အထက်က အမိန့်ရလာလို့ပါ...သခင်လေးတို့ အေးအေးဆေးဆေး နေနိုင်ပါတယ်...ကျွန်တော်တို့ အိမ်အပြင်ကနေ အန္တရာယ်မဖြစ်အောင် စောင့်ရှောက်ပေးပါ့မယ်"

မထီရာ ဤအိမ်တွင် နေထိုင်နေသည်မှာ လေးနှစ်ပင်ရှိပြီ။ ရုတ်တရက် ဘယ်ကအန္တရာယ်ကသူ့ဆီရောက်ရှိလာလိမ့်မည်နည်း။

နိုဘယ်ချားလော့၏ အစီအစဥ်မှန်း သူသိရှိလိုက်၏။ သူ ထွက်မပြေးနိုင်အောင် ရဲများကိုပင် အာဏာသုံးကာ ခိုင်းစေလိုက်ခြင်းပင်။

သူ၏ သေစာရင်းကိုပင် ချက်ချင်းဖျက်ပစ်လိုက်နိုင်သည်မှာ အံ့သြဖွယ်ကောင်းလွန်းလှသည်။

သူ ဘယ်လိုမှ ထွက်မပြေးနိုင်တော့မှန်း မထီရာ သိရှိလိုက်၏။

မျက်နှာချိုသွေးပြနေသော ရဲများအား တချက်ဝေ့ကြည့်လိုက်ပြီးနောက် အိမ်တံခါးအား ပြန်ပိတ်လိုက်သည်။

ဧည့်ခန်းဆိုဖာတွင် ထိုင်နေသောကလေးနှစ်ယောက်အား ကြည့်လိုက်တော့ တစ်ယောက်က ဖုန်းဖြင့် ဂိမ်းဆော့နေကာ နောက်တစ်ယောက်က laptop ကိုင်နေလေ၏။

ခါးမတ်မတ်ဖြင့် စမတ်ကျကျထိုင်နေသော ကလေးငယ် ပေါင်ပေါ်ရှိ laptop သည် သူ၏ laptop နှင့်ဆင်တူလွန်းနေသည်။

မထီရာ အံ့အားသင့်ကာ မေးမြန်းလိုက်၏။

"ဟက်ဆန်...သား laptopက ပါးပါး ဟာလား"

ကလေးငယ်က keyboard ပေါ် လက်ချောင်းများ လျင်မြန်စွာ ရွေ့လျားနေကာ screen အားစိုက်ကြည့်နေရင်းမှ ဆိုလာသည်။

"ဟုတ်"

"ဘယ်ကယူလာတာလဲ သား"

"ပါးပါးအခန်းထဲက"

"ပါးပါးအခန်းက သော့ခတ်ထားတယ်လေ"

သူတို့၏ အပြန်အလှန်စကားဆိုနေခြင်းကြောင့် ဂိမ်းဆော့ရာမှ ပျင်းလာပုံရသော သားငယ်က စကားဝိုင်းတွင်းသို့ ဝင်လာလေသည်။

Dear Nobleman(Complete)Donde viven las historias. Descúbrelo ahora