"ဒီမိုကရေစီ ရရှိရေး"
"ဒို့အရေး ဒို့အရေး"
"စစ်အာဏာရှင် ကျဆုံးရေး"
"ဒို့အရေး ဒို့အရေး"
"အမေစုနဲ့ခေါင်းဆောင်များ"
"ချက်ချင်းလွှတ် ချက်ချင်းလွှတ်"
"သမ္မတကြီးနှင့်ခေါင်းဆောင်များ"
"ချက်ချင်းလွှတ် ချက်ချင်းလွှတ်"
"ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ"
"ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး"
"တို့ပြည်သူတွေ ညီရဲ့လားဟေ့"
"ညီတယ်ဟေ့ ညီတယ်ဟေ့"
"တို့ဝန်ထမ်းတွေ ညီရဲ့လားဟေ့"
"ညီတယ်ဟေ့ ညီတယ်ဟေ့"
"အရေးတော်ပုံ"
"အောင်ရမည်"
"အရေးတော်ပုံ"
"အောင်ရမည်"ကြွေးကြော်သံများနဲ့အတူ
ပြည်သူနှင့် ဌာနပေါင်းစုံမှဝန်ထမ်းများ
တက်ကြွစွာ ဆန္ဒထုတ်ဖော်နေကြသည်။လူပေါင်းထောင်နဲ့ချီ လမ်းတကာလမ်း ပြည့်ကြပ်နေအောင် များပြားလှသည်။
ကျွန်မတို့ပညာရေး သပိတ်စစ်ကြောင်းက
ဝန်ထမ်းအားလုံးထဲတွင် အင်အားအများဆုံးဆိုတော့
လမ်းဘေးမှာ ရပ်ကြည့်နေကြတဲ့ ပြည်သူတွေကလည်း သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ကျွန်မ ဒီလောက်လူအများကြီးထဲတွင် တစ်ခါမှ မနေဖူးပါ
လူအများကြားတွင် နေထိုင်ရသည်ကို
မွန်းကြပ်လှသည်လို့ ကျွန်မအမြဲပြောခဲ့ဖူးပါသည်။
အခုတော့ ကျွန်မ လူအုပ်ကြားထဲ၂နာရီကျော် လမ်းလျှောက်ရသည်မှာ ပင်ပန်းလှသော်လည်း
အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတာမို့
ခြေလှမ်းတွေက အားအင်အပြည့်ဖြစ်နေသည်။ဒီနေ့ဆို ကျွန်မ ဆန္ဒထုတ်ဖော်ပွဲကို တစ်ရက်မပျက် လိုက်ဖြစ်သည်မှာ
၁၅ရက်မြောက်နေ့
မနက်က အိပ်ယာထနောက်ကျသည်မို့ ဘာမှမစားခဲ့ရ
လက်ထဲ ရေဘူးတစ်ဘူးနဲ့ ပေါင်မုန့်တစ်ထုပ်တော့ရှိသည်။
လမ်းလျှောက်ဆန္ဒထုတ်ဖော်နေရင်း
ရှေ့လမ်းကွေ့နားမှာ ရပ်နေသော အမှိုက်ကောက်သည့်ကလေးကို မြင်တော့
လက်ထဲက ရေဘူးနဲ့မုန့်ကို ပေးချင်စိတ်ပေါင်သောကြောင့် ပေးခဲ့လိုက်သည်
ကလေးတွေကိုတော့ ကျွန်မချစ်တတ်သည် မဟုတ်ပါလားနေမြင့်လာသောကြောင့် ရေကဆာလာပြီး
နားတွေ အူလာသည်
ရုတ်တရက် ကျွန်မခြေထောက်တွေ ခွေကျသွားတာကို သတိထားမိလိုက်သည်
YOU ARE READING
သစ္စာတရားကြောင့်သာ....
General Fictionနှလုံးသားထဲက စစ်မှန်သော သစ္စာတရားကြောင့်သာ ...... မျှော်လင့်သောရည်မှန်းထားသော နေရာလေးတစ်ခုမှာ .....