နေရမည့်အိမ်ကလေးက နှစ်ထပ်အိမ်ကလေးဖြစ်သည်။အောက်ထပ်ကတိုက်ခံလေးနဲ့ အပေါ်ထပ်က သစ်သား သုံးကာဆောက်ထား၏။ ကရင်လူမျိုးများနေထိုင်သည့်ရွာဆိုပင်မယ့် ဒီရွာကတော့ အတော်ခေတ်မီသည့်ရွာပင် ၊ လျှပ်စစ်မီးလည်းရသည် ၊ လမ်းလည်းကောင်းသည်။ တစ်ခု သဘောကျသည့်အချက်က ဒီရွာကလေးကို ချောင်းတစ်ခုက ပတ်လည်ကာရံထားသည်။ကရင်လူမျိုးတို့၏ထုံးစံအတိုင်း ခြံစည်းရိုးတော့မရှိ ၊ ကျွန်မတို့နေမည့်အိမ်ရဲ့ နောက်ဖေး ခပ်လှမ်းလှမ်းမှာ အဆိုပါချောင်းလေးရှိသည်။ အေးဆေးအနားယူရင်း စာဖတ်လို့ကောင်းမည့်နေရာလေးပင်။ ချောင်းထဲမှရေကို သုံးကြသည့်အတွက် ချောင်းရေက ကြည်လင်သန့်ရှင်းလှသည်။ ချောင်းထဲရေချိုးလို့လည်းရပါသည်။ ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မမမေနဲ့ အတူနေရမည်ဆိုတော့ ကျွန်မ၏ ဝရမ်းပြေးဘဝကိုပင် ကျေးဇူးတင်မိပါသည်။
"ဆရာမတို့ ညနေစာကိုတော့ အိမ်မှာပဲလာစားကြဝေ..
ရေမိုးချိုးပြီးအိမ်ဘက်ကူးခဲ့ကြ ဟိုအိမ်က ကျွန်တော့အိမ်ပဲ "
ဒီရွာခံ ဆရာကရင်လေးက အစစအရာရာကူညီပေးသည်။
အိမ်ထဲဝင်ကြည့်လိုက်တော့ မီးဖိုးချောင်ပစ္စည်းကအစ အကုန်ဖြည့်ထားပေးသည်။ ဆန်ကတော့ အိတ်အကြီးကြီး။
"မမမေ "
"ဟင်"
"ဘယ်လိုလဲ ရွာအခြေအနေ မမမေ သဘောကျရဲ့လား"
"ကိုယ်တော့ သိပ်ကြိုက်သွားပြီ ပြန်တောင်ပြန်ချင်ပါ့မလားမသိတော့ပါဘူး"~~~~
"အဝယ် တို့က အကုန်ဖြည့်ဆည်းပေးတော့ နေရတာ အားတောင်နာတယ် အဝယ် ရယ်"
"ဟာ ဆရာမတို့ကလည်း ရဲဘော်ရဲဘက်အချင်းချင်း ဒီလောက်တော့ကူညီရမှာပေါ့ ဘာမှအားမနာနဲ့ လိုအပ်တာရှိရင်လည်းပြောနော်"
"အဝယ် အဝယ့် ကိုပြောထားရဦးမယ် ကျွန်မတို့ကို ဆရာမ ဆရာမ လို့မခေါ်ပါနဲ့ ကျွန်မကို မိုးပွင့်လို့ခေါ် မမမေ ကိုက ....."
"အမရာ လို့ပဲခေါ်ပါ ရှင်နဲ့ကျွန်မနဲ့က ရွယ်တူလောက်ပါပဲ"
"ဟုတ်ပြီ ဟုတ်ပြီ ငါကလည်း မေ့မေ့သွားတာဝေ့
ပါးစပ်ကအကျင့်ဖြစ်နေလို့ ဟိဟိ
မနက်ခင်းကျ ဆိုင်ကယ်ခွခြင်းနဲ့ဈေးသည်တွေလာတယ် အသားငါးလေး ဟင်းရွက်လေး ဝယ်ချင်ဝယ်စားပေါ့ နော့်"
"ဟုတ်ကဲ့ "
"မနက်ဖြန် နင်တို့ အိမ်နောက်က ချောင်းမှာ ငါ ပုခက်လာဆင်ပေးမယ် အေးဆေး စာဖတ်လို့လည်းရတယ်
စာအုပ်တွေ ဖတ်ချင်ရင် မနက်ဖြန်မှ ဘုရားကျောင်းကစာကြည့်တိုက်ကို လိုက်ပို့ပေးမယ် အဲ့မှာငှားဖက်လို့ရတယ် ဘုန်းတော်ကြီးနဲ့လည်း မိတ်ဆက်ပေးမယ်ဝေ့"
"ဟာ ဟုတ်ကဲ့ ကျေးဇူးပါရှင်"
YOU ARE READING
သစ္စာတရားကြောင့်သာ....
General Fictionနှလုံးသားထဲက စစ်မှန်သော သစ္စာတရားကြောင့်သာ ...... မျှော်လင့်သောရည်မှန်းထားသော နေရာလေးတစ်ခုမှာ .....