အခန်း(၃)

392 40 0
                                    

ဟုတ်ပါရဲ့ ရင်တုန်နေလို့ ဒဏ်ရာတောင် နာရကောင်းမှန်းမသိဖြစ်နေမိသော ကျွန်မပါ။သွေးတွေက စီးကျနေပြီး မမမေပေးဝတ်ထားသောဘောင်းဘီလေးပါ ပေကုန်၏။
မမမေက ထိုင်ခုံအပုလေးပေါ် ထိုင်လိုက်ပြီး နောက်ထပ်ခုံယူကာ ကျွန်မခြေထောက်ကို မယုလိုက်သည်။
"ဟို မမမေ ရပါတယ် ကျွန်မကိုယ့်ဘာသာလုပ်လိုက်ပါ့မယ်"
"ထိုင်နေစမ်းကွယ့် ဒဏ်ရာက များသလားကြည့်မလို့"
မမမေက ကျွန်မဘောင်းဘီကို ဒူးနားထိခေါက်တင်ကာ ဒဏ်ရာကို သန့်စင်ပေးနေသည်။
ဆရာဝန်မို့လားမသိ ဒဏ်ရာကို ကြည့်နေပုံ လက်လှုပ်ရှားနေပုံလေးတွေက ကြည့်၍တကယ်ကောင်းပါသည်။
"အား ..... စပ်တယ် မမမေရဲ့"
ဒဏ်ရာကို အရက်ပြန်နဲ့ဆေးနေသည်မို့ ကျွန်မ သည်းမခံနိုင်တော့ဘဲ အော်မိသည်။လက်ကလည်း မမမေပုခုံးကို ညှစ်ကိုင်လိုက်မိသည်။
မမမေကတော့ ဂရုမစိုက်သလိုပင် လုပ်စရာရှိတာဆက်လုပ်နေ၏။ကျွန်မခြေထောက်ကို ရုန်းမိတော့ မမမေက မရုန်းနိုင်အောင် လှမ်းကိုင်ထားသည်။
ကျွန်မလည်း နာတာကတစ်မျိုး အသံမထွက်မိအောင် သည်းခံရသည်ကတစ်မျိုးမို့ မျက်နှာလည်းရှုံ့မဲ့နေမိသည်။မမမေကိုလည်း မညှာမတာ လုပ်နိုင်လွန်းသည်ဟုတွေးမိပြီး မျက်ရည်က ဝဲလာမိသည်။
မမမေက ပတ်တီးစည်းပေးရင်း ကျွန်မကိုမော့ကြည့်ကာ
"ဟေး ကလေးလည်းမဟုတ်ဘဲနဲ့ ငိုမလို့လား"
မမမေက ပြုံးနိုင်ပေမယ့် ကျွန်မဘယ်လိုမှမပြုံးနိုင်ပါ။
"တကယ်နာလို့ပါ မမမေ"
ကျလုဆဲဆဲ မျက်ရည်တွေကို ကျွန်မသုတ်လိုက်သည်။မျက်ရည်ကျလာရင် ပိုရှက်ဖို့ကောင်းသည်မဟုတ်ပါလား။
"ဖြစ်တုန်းကို သေချာသန့်စင်မှဖြစ်မှာပေါ့ ကလေးရယ် ပိုးဝင်သွားမှ ပိုခံနေရမယ်၊ ဒဏ်ရာက သံနဲ့ခြစ်မိတာထင်တယ် အဲ့တော့ ဆေးထိုးမှရမယ်"
"ရှင် ...."
~~~~~~~~
မမမေက ဆေးထိုးပေးပြီး သောက်ဆေးထည့်ပေးနေရင်း
"မိုးပွင့် မင်းနဲ့ကိုယ်တို့က တွေလိုက်တိုင်း ဆေးကုပေးနေရတာချည်းပဲနော်"
"ဟုတ်ပါရဲ့ ဟီး"
"ဂရုစိုက်ပါကွယ် ဘာမှထပ်မဖြစ်စေတော့နဲ့"
မမမေမျက်နှာပေါ်မှာ ဝမ်းနည်းသည့်အရိပ်အယောင်များ တွေ့လိုက်ရသည်။မမမေက ကျွန်မကိုစိတ်ပူနေသည်တဲ့လား။
လိုက်ကာကြားမှလာသည့် နေရောင်က မမမေမျက်နှာပေါ် တစ်ချက်တစ်ချက်ကျရောက်လာသည်။မမမေက အရမ်းကြီးရုပ်ချောတာမျိုးတော့မဟုတ် တစ်ဖက်လူအပေါ်တော့ လွှမ်းမိုးနိုင်စွမ်းရှိသည့် ရုပ်ရည်မျိုးပါ။နှုတ်ခမ်းအပေါ်နားမှ မှည့်လေးတစ်လုံး ကြားဖူးတာကတော့ နှုတ်ခမ်းနားတစ်ဝိုက် မှည့်ပါတဲ့သူတွေက အပြောကောင်းသည်တဲ့ မမမေလည်း အဲ့လိုပဲထင်သည် သူမ စကားပြောလိုက်တိုင်း တစ်ဖက်လူက မြောပါသွားရသည်။ဘယ်ဘက်ပါးပေါ်မှာက မှည့်တစ်လုံး စံပယ်တင်မှည့်ဆိုတာ အဲ့လိုမျိုးကို ခေါ်တာထင်သည်။မမမေ မျက်နှာပေါ်က မှည့်လေးနှစ်လုံးကို အနမ်းပေးနိုင်တဲ့သူကတော့ လောကမှာ ကံအကောင်းဆုံးပဲဖြစ်မည်။
"ကဲ ကလေးမ ဘာတွေငေးပြီး ဘာတွေတွေးနေတာလဲ ကိုယ်အိမ်ပြန်လိုက်ပို့ပေးရမလား ပြော"
"ဟို မမမေ ဖုန်းခဏငှားပါလား ကျွန်မဖုန်းနဲ့ပိုက်ဆံအိတ်က သူငယ်ချင်းဆီပါသွားလို့"
"ရတယ်လေ ရော့"
မမမေဖုန်းနဲ့ ကျွန်မကိုခေါ်လိုက်သည်။
ခေတ္တာက ချက်ချင်းအပြင်ထွက်လို့မရသေးတာမို့ ညနေမှ အိမ်ကိုဖုန်းလာပို့ပေးမည်တဲ့ မမမေ နဲ့ အတူရှိဖို့ အချိန်ပိုရတာပေါ့။
"မမမေကတော့ ဆေးလည်းကုပေးရတယ် အိမ်လည်းလိုက်ပို့ပေးရတော့မယ် ဟီး"
"အိုး ရပါတယ်ကွယ် လိုက်ပို့ပေးရတာ ဘာပင်ပန်းတာမှတ်လို့ ၊ ခဏတော့စောင့်နော်"
မမမေက ဆေးပစ္စည်းတွေ ကောက်သိမ်းနေသည်။ကျွန်မလည်း အနီးအနားမှ ပစ္စည်းများ သိမ်းကူပေးလိုက်သည်။အိတ်ထဲသို့ ပစ္စည်းများ စနစ်တကျထည့်နေပုံက မမမေက ဘယ်လောက်စည်းစနစ်ကျလဲ သိနိုင်ပါသည်။
"ကဲ သွားစို့ ၊ လမ်းလျှောက်နိုင်ရဲ့လား မိုးပွင့်"
"ဟုတ် လျှောက်နိုင်ပါတယ် မမမေ"
မမမေက ရှေ့ကနေ လမ်းလျှောက်သွာ၏။ မမမေ လမ်းလျှောက်ပုံက သွက်လက်လွန်းလှသည်။မိန်းမဆန်လွန်းသည်လည်းမဟုတ် ယောက်ျားဆန်သည်လည်းမဟုတ်။ မမမေက ဆွဲဆောင်မှုတစ်မျိုးကို ရှိနေတော့တာပဲ။
~~~~~~~
ကတောင်
Messenger မှစာဝင်လာလို့ ကြည့်လိုက်မိသည်
'မိုးပွင့်ရေ နင်ဒီညအိမ်မှာ မအိပ်နဲ့နော်၊ နာမည်ကြီးနေတဲ့ထဲ နင်ပါတယ် ရှောင်အိပ်တော့'
ဟူးးးး
သက်ပြင်းချပြီး အဝတ်တစ်စုံအပိုနှင့် လိုရမယ်ရ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းနည်းနည်း ကောက်ထည့်လိုက်သည်။
"မေမေ သမီး ဘကြီးတို့အိမ်ဘက်သွားအိပ်ဦးမယ်နော်"
"အငယ်ကောင်ကို လိုက်ပို့ခိုင်းလိုက်ရမလား သမီး"
ထိုစဉ် ရုတ်တရက် ဖုန်းမြည်သံကြားလို့ အိတ်ထဲကထုတ်ကြည့်လိုက်တော့ မမမေတဲ့
ဘာလို့ပါလိမ့်
"ဟဲလို"
"မိုးပွင့် ကိုယ်ပါ"
"ဟုတ် မမမေ"
"အခုဘယ်မှာသွားအိပ်မလို့လဲ"
ဟင် မမမေက ဘယ်လိုသိပါလိမ့်
"အမျိုးတွေအိမ်ဘက်မှာ သွားအိပ်မလို့ မမမေ"
"ကိုယ့်ဆီ လာအိပ်ပါလား"
"ရှင်....."
"ဒီမှာ ကိုယ်တစ်ယောက်ထဲလေ ပြီး ကိုယ့်အိမ်မဟုတ်တော့ ကိုယ်ဒီမှာနေတာ ဘယ်သူမှမသိဘူး အဲ့ဒါကြောင့်ပါ"
မမမေက ခေါ်နေပြီပဲ ငြင်းမိရင် ကျွန်မလောက်ညံ့တဲ့သူ ရှိမှာမဟုတ်ဘူးလေ။
"ဟို ကျွန်မ ဘယ်လိုလာရမှန်းမသိ ."
"ကိုယ်လာခေါ်မယ်လေ အခု"
ကျွန်မပင် စကားမဆုံးအား မမမေက ဖုန်းချသွားသည်။

သစ္စာတရားကြောင့်သာ....Where stories live. Discover now