"ကိုယ် မင်းကို သိပ်လွမ်းနေခဲ့တာ"
အနောက်မှ သိုင်းဖက်ထားသလို ခံစားရပြီး နာရွက်နားမှာ တစ်စုံတစ်ယောက်က လာပြောနေသလိုပင် ၊ ထိုသူက မမမေဖြစ်မည်ထင်သည်။
အိပ်မက်ထဲမှာပင် မမမေက လွှမ်းမိုးလာတာ ရက်ပေါင်းအတော်ကြာပြီ အခုလည်း အိပ်မက်ထပ်မက်နေပြန်ပြီ။
သို့ပေမယ့် အထိအတွေကတော့ တကယ်ပင်ဖြစ်နေမလား ကျွန်မ အားယူကာ အသိစိတ်ဝင်အောင်ကြိုးစားမိသည်။ကျွန်မ မမှားပါ မမမေက ကျွန်မကို အနောက်မှ သိုင်းဖက်ထားသည်။မမမေရဲ့ အသက်ရှူထုတ်လိုက်တဲ့လေတွေက ကျွန်မဆံပင်တွေပေါ်မှာ ပြေးလွှားနေသည်။အိုး ... မမမေရယ် ကျွန်မ ရူးတော့မယ်ထင်ပါရဲ့ ကျယ်သထက်ကျယ်လာသော နှလုံးခုန်သံကို ပြန်တည်ငြိမ်အောင် ကြိုးစားရသည်။ရင်ဘက်ပေါ်ကနေ ကျော်ပြီးကျနေတဲ့ လက်ချောင်းရှည်ရှည်လေးတွေကို ထိကြည့်ဖို့ကောင်းမလား စဉ်းစားနေမိသည်။
လက်ဖျားလေးတွေကို မထိတထိကိုင်ကြည့်တော့ ကျွန်မလက်တွေလောက် မနူးညံ့ပေမယ့် တင်းတင်းလေးနဲ့ ကိုင်လို့ကောင်းသည်။ကျွန်မလက်က မမမေလက်လောက် မကြီးဘဲအနည်းငယ်သေးသည်ဟု ထင်ရပါသည်။
ရုတ်တရက် မမမေလက်တွေက ကျွန်မလက်တွေကို ပြန်လည်ဆုပ်ကိုက်လာတော့ ကျွန်မလန့်သွားရသည်။
မမမေက ကျွန်မလက်တွေကို တင်းကျပ်စွာဆုပ်ကိုင်ရင်း ကျွန်မကို တင်းကျပ်စွာ ဖက်ထားပြန်သည်။"ကိုယ် မင်းကို သိပ်လွမ်းနေခဲ့တာ "
ခပ်ချချ စကားသံကို ကျွန်မနားနောက်မှ ထပ်ကြားရသည်။ဒါဆို ကျွန်မအိပ်မက်မက်နေတာ မဖြစ်နိုင်တော့ ...
မမမေက ကျွန်မ နားရွက်နောက်က အသားလေးကို ဖွဖွလေးနမ်း၏။ ကျွန်မလည်တိုင်ကို သူ့ပါးလေးနှင့် ပွတ်သပ်နေသည်။
ကျွန်မ အနေခက်လာတော့ မအောင့်နိုင်တော့ဘဲ မမမေဘက်သို့ လှည့်လိုက်သည်။မမမေနှင့် ကျွန်မမျက်နှာချင်းဆိုင်မိတော့ တစ်ယောက်နှင့်တစ်ယောက် နီးကပ်လွန်းလှည်။ မမမေက ကျွန်မမျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ မက်မောစွာ နမ်းရှိုက်တော့သည်။
ကျွန်မကိုယ်ကျွန်မ ဘယ်အခြေအနေ ရောက်နေပြီလဲ ဆက်မတွေးနိုင်၊ ရုတ်တရက်မို့ မတုန့်ပြန်မိပါ။ မမမေကိုတော့ မငြင်းဆန်နိုင် ငြင်းလည်းမငြင်းရက်ပါ။ ဒါ ကျွန်မလိုချင်နေသည့် အခြေအနေ မဟုတ်ပါလား။
ကျွန်မ အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည့် အချိန်အထိ မမမေက ကျွန်မကို မက်မောစွာ နမ်းရှိုက်နေဆဲ ၊ မမမေ လက်များက ကျွန်မကျောပြင်တစ်လျှောက် ပြေးလွှားနေသည်။ထိုအခိုက်မှ ကျွန်မလည်း မမမေအနမ်းများကို ကျေနပ်စွာပြန်လည်တုန့်ပြန်မိပါတော့သည်။
အချိန်က ဘယ်တောင်ကြာသွားလဲမသိ မောဟိုက်လာပြီး ၂ယောက်လုံးရပ်လိုက်မှ နှုတ်ခမ်းဆီမှ နာကျင်မှုတချို့ကို သတိရသည်။နာကျင်မှုနှင့် သာယာမှု ပေါင်းပြီး ကျွန်မ ပြုံးလိုက်မိသည်။မမမေကို ဖက်ထားပြီး အိပ်စက်မှုဆီသို့ .........
YOU ARE READING
သစ္စာတရားကြောင့်သာ....
General Fictionနှလုံးသားထဲက စစ်မှန်သော သစ္စာတရားကြောင့်သာ ...... မျှော်လင့်သောရည်မှန်းထားသော နေရာလေးတစ်ခုမှာ .....