အခန်း(၉)

437 39 1
                                    

နားထဲတွင် ဆိုင်ကယ်သံတွေကြားနေရသည်။
"ဘာယူကြဦးမလဲ ဒီဘက်အိမ်သားတွေ ဘာယူကြဦးမလဲ"
ဪ မနေ့က အဝယ် ပြောတဲ့ ဆိုင်ကယ်ဂွခြင်းသည်တွေဖြစ်မယ် ဒီနေ့တော့ ရှိတဲ့ဟာလေးပဲ ချက်စားဦးမယ် စောစောမထချင်သေး။
မထချင်သေးဆို ကျွန်မကို ဖက်ထားတဲ့ လက်တစ်စုံကို မတွန်းထုတ်ရက်တာလည်းပါပေမည်။
မျက်လုံးပြန်မှိတ်ပြီး ငြိမ်ငြိမ်လေးနေနေမိသည်။ကျွန်မ မမမေကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ မသိ ၊ မမမေကို ကျွန်မ အရမ်းချစ်မိနေပြီလို့ စပြောလိုက်ရမလား မမမေကို အရမ်းသဘောကျပြီးချစ်နေကြောင်း ပြောရမလား ကျွန်မ စိတ်တွေရှုပ်ထွေးနေမိသည်။

မမမေကရော ကျွန်မကို ချစ်ပါ့မလား ၊ ချစ်လို့အတူနေဖို့ မမမေက စတင်လိုက်သည်မဟုတ်လား ၊ တချို့ကျတော့ သွေးသားဆန္ဒအရ အတူနေလိုက်သည်မျိုးလည်း ရှိသည်လို့ စာတွေဖတ်ဖူးသည် ၊ မမမေက အဲ့လိုလူမျိုးလား ၊ ကျွန်မက မမမေအတွက် အဖြည့်ခံတစ်ယောက်လား အားးး ကျွန်မမသိတော့ပါ။ သက်ပြင်းတစ်ချက် ချမိသွားသည်။

မမမေက ကျွန်မ ဆံပင်များ နားရွက် လည်ပင်းတစ်လျောက် ဖွဖွလေးနမ်းနေသည်။
ထို့နောက် ကျွန်မပါးကို နှစ်ရှိုက်စွား‌နမ်းနေ၏။ ကျွန်မ မနေနိုင်တော့ဘဲ မျက်လုံးဖွင့်လိုက်မိတော့

"မင်းကို ကိုယ်သိပ်ချစ်တာပဲ"

မမမေဆီမှ မမျှော်လင့်ထားသော စကားကို ကျွန်မကြားလိုက်ရသည်။

"ရှင်"

"မင်းကို ကိုယ် အရမ်းချစ်မိသွားပြီလို့ မိုးပွင့် ကလေးရယ်"

မမမေက ကျွန်မကို တင်းကြပ်စွာဖက်ထားပြီး ပြောနေသည်။
ကျွန်မ ဘာမှပြန်မပြောနိုင်ဘဲ မျက်ရည်များကျနေမိသည်။တချို့ပြောဖူးတဲ့ ဝမ်းသာရင်လည်းမျက်ရည်ကျတတ်သည် ဆိုသည်မှာ ဒါမျိုးဖြစ်မည်။ ကျွန်မပြုံးလိုက်မိသည်။ မမမေကို တင်းကြပ်စွာပြန်ဖက်လိုက်ရင်း

"မမမေကိုလည်း ကျွန်မ အရမ်းချစ်တာပဲ
မမမေကို စတွေ့ပြီးကတည်းက
မမမေကို ထပ်တွေ့ရရင်သိပ်ကောင်းမှာလို့ အမြဲတွေးမိခဲ့တယ် အဲ့အချိန်ကတည်းက မမမေကို အရမ်းဘဘောကျပြီး ချစ်နေခဲ့ရတာ"

သစ္စာတရားကြောင့်သာ....Where stories live. Discover now