#နေမကောင်းလို့ update မတင်ပေးနိုင်လို့ တောင်းပန်ပါတယ်
နွေရာသီမှာ ထူးထူးခြားခြား မိုးရွာနေသည်။တနင်္ဂနွေနေ့မို့ ရွာထဲကလူတွေက ဘုရားကျောင်းတက်ဖို့ အုပ်စုလိုက် ချီတက်သွားနေကြသည်။
ကျွန်မကတော့ မမမေ ရင်ခွင်ထဲမှာ
"မင်း လက်လေးတွေက သိပ်နူးညံ့တာပဲနော်
လူက မဝ ပေမယ့် လက်လေးတွေကျ ဖောင်းဖောင်းအိအိလေးနဲ့ ချစ်စရာလေး"မမမေက နံရံကို မှီထားပြီး ကျွန်မကို သူ့ရင်ခွင်ထဲထည့်ကာ ပြောနေချင်းဖြစ်သည်။ တောင်ပေါ်ရွာလေးမို့ မိုးရွာလိုက်သည်နှင့် ချမ်းအေးလှပါသည်။
"မမမေလက်နဲ့ယှဉ်ရင် ကျွန်မလက်က ပိုသေးတယ်နော်"
"အင်း ဟုတ်ပါ့ လက်တိုလေး ဟိ ဟိ"
"ဟင့် မမမေ နော်"
"အယ် လက်တိုလို့တိုတယ်ပြောတာကို"
"ဟွန့် သူများတွေနဲ့ယှဉ်ရင် မတိုပါဘူး မမမေကိုက လက်ရှည်တာ "
"ဟား ဟား ဒီကောင်မလေးတော့ ကိုယ့်ကို မနာလိုဖြစ်နေတာလား ပြောစမ်း"စကားပြောနေရင်းမှ မမမေကို မော့ကြည့်မိတော့ ရီဝေဝေ မျက်ဝန်းတွေနှင့် ကျွန်မကို ဆွဲဆောင်နေသေယာင်ပင်။
အိမ်အပေါ်ထပ်က စောင်အောက်မှာတော့ မမမေနှင့်ကျွန်မ အချစ်စခန်းဖွင့်ရချေပါပြီ။"တော်ပါသေးရဲ့ အိမ်အောက်ကတံခါးတွေ ပိတ်ထားခဲ့မိလို့"
"အဲ့ဒါ ကိုယ်ပိတ်ခဲ့တာလေ ကိုယ်က အစစအရာရာ ကြိုမြင်တတ်တယ် ဟိ ဟိ"~~~~~~~~~
"မိုးပွင့် ဖုန်းလာနေတယ်"
ကျွန်မဖုန်းနဲ့ ဇာတ်ကားကြည့်နေသည့် မမမေက လှမ်းပြောတော့ ကျွန်မ မမမေ ဘေးနားကပ်ထိုင်ကာ ဖုန်းကိုကြည့်လိုက်သည်။ ဖေဖေ ဆက်တာဖြစ်သည်။"ဟဲလို ဖေဖေ"
ထုံးစံအတိုင်း နံရံမှာမှီနေသည့် မမမေရင်ခွင်ထဲဝင်၍်ဖုန်းကိုင်လိုက်သည်။
"မိုးပွင့် သမီးဘယ်ရောက်နေလဲ"
"ဘေးကင်းတဲ့နေရာမှာပေါ့ ဖေဖေ "
"ဒီမှာ မိုးပွင့် သမီးမေမေလည်း သမီးကိုစိတ်ပူနေတယ်
တစ်အိမ်လုံးပါပဲကွယ် သမီးကိုစိတ်ပူလို့ စားကောင်းချင်းမစားရ အိပ်ကောင်းချင်း မအိပ်ရနဲ့"
"ဖေဖေ ဘာပြောချင်တာလဲ ဖေဖေ"
"အိမ်ပြန်လာခဲ့ သမီး ဒီမှာ ဖေဖေ မြို့နယ်ပညာရေးမှူးရော ခရိုင်ပညာရေးမှူးနဲ့ပါ တွေ့ပြီးပြီ ခံဝန်ကတိ လက်မှတ်ထိုးပြီး အလုပ်ပြန်ဝင်လို့ရတယ် အမှုတွေပါ ရုတ်သိမ်းပေးမယ်တဲ့"
"ဖေဖေ ! "
![](https://img.wattpad.com/cover/301528885-288-k871369.jpg)
YOU ARE READING
သစ္စာတရားကြောင့်သာ....
General Fictionနှလုံးသားထဲက စစ်မှန်သော သစ္စာတရားကြောင့်သာ ...... မျှော်လင့်သောရည်မှန်းထားသော နေရာလေးတစ်ခုမှာ .....