Arc3.1

5K 393 20
                                    

ဆူဟို ဒီကမ္ဘာကိုရောက်တော့ သူရောက်နေတာက ကုတင်တခုပေါ်မှာ ထိုင်ပီး တခုခုကို စောင့်နေသလိုမျိုး
'tata ငါဘယ်ကိုရောက်နေတာလဲ'
'ကုတင်ပေါ်မှာလေ ထယ်ထယ်ရဲ့'
'ချီးဘဲ ငါ ကုတင်ပေါ် ရောက်နေတယ်ဆိုတာ မငး်​ပြောမှလား ငါမေးတာက ဇာတ်ကြောင်းအခုဘယ်ရောက်နေပီလဲလို့ မေးတာ'
'အော် ရှငး်ရှင်းပြောပါလား သိမှမသိဘဲ လူကိုလာဆဲနေတယ် ဟွန့်'

'ကဲ ပြောမှာလား မပြောဘူးလား'
'ပြောမယ် အခုက ဂျယ်မင်နဲ့ လက်ထပ်ပီးတဲ့ည ဂျယ်မင်က ဆူဟိုဆီပြန်မလာဘဲ ကလပ်မှာသွားသောက် အဲ့မှာ ဆယ်ဝါနဲ့ပြန်တွေ့ ပီးတော့ကြိုက် ဖောက်ပြန် ပြန်'
'ရပီ ငါဘယ်ရောက်နေလဲဘဲ မေးတာ ဘာဖစ်မလဲမမေးဘူး ဘာလို့်ဆို ငါ့အနာဂတ် ငါဆုံးဖြတ်မှာမို့ ဟက်'
'​ကြောက်စရာကောင်းလို်က်တာ ထယ်ထယ်က'

'ဒါနဲ့ ဂျယ်မင်က အခုဘယ်မှာလဲ'
'ကလပ်မှာလေ'
'Tata မငး်လင်ဆီပီးရင် သွားရမှာ ငါမေးတာက အရင်ဖြေစမ်းပါ ဘယ်ကလပ်လဲမေးနေတာ နာမည် ကလပ်နာမည်'
'Night Clubလေ'
'နာမည်ပါဆို '
'နာမည်က Night ကလပ်က club ရှင်းလား ဘာမှလည်းမသိဘဲနဲ့ အော်နေ တော်ပီ kookieဆီသွားတော့မယ်'
'ကြွကြွ'

ဆူဟိုလည်း tataနဲ့ ရန်ဖစ်ပီး အပြင်သွားဖို့ အဝတ်အစားရှာလိုက်တယ် ဝှက်သယ် ဒီလူက အဘိုးကြီးလားဘာလားဘဲ အဝတ်စားတွေကလည်း ပုံတုံးလိုက်တာ တကယ်ဘဲ သူလည်း အဆင်ပြေလောက်တဲ့ အဝတ်စားလေး လိုင်းပေါ်ကနေ လှမ်းမှာလိုက်တယ် ဝတ်ပီး မှန်ကြည့်လို်က်တော့ ဝ​ိုး နတ်သားလေးကျနေရော
'ပီးပီ ငါလာပီ ယူဂျယ်မင်ရေ မငး်ကြွေဖို့သာပြင်ထား ဟက်'

ဆူဟို tata​ပြောတဲ့ ကလပ်ကို ထွက်လာခဲ့တယ် သူစရောက်ရောက်ချင်းမှာဘဲ သူ့ရှေ့ကိုလာရပ်ပီး သူ့ကိုမထိတထိ လာစနေတဲ့ကောင်တွေ
"ဟေ့ အလှလေး ဘယ်သွားမလို့လဲ hyungတို့လိုက်ပို့မယ်လေ အဖော်မပါဘူးလား"
"မမြင်ဘူးလား ကနး်နေတာလား ငါ့ရှေ့ကဖယ်"
"မဖယ်ဘူးကွာ လာပါ hyungတို့နဲ့ပျော်ရအောင်"


"ဖယ်စမ်း ငါ့လက်ကိုလွှတ်"
"မလွှတ်ဘူး စိတ်ချပါ hyungတို့ကောင်းအောင် လုပ်ပေးမှာပါ"
"ဟက် ဘသူကကောင်းအောင် လုပ်ပေးမှာလဲဆိုတာ ကြည့်လေ ခွပ် ခွပ် ခွပ်"
ဆူဟိုလည်း အမူးသမားတွေကို ကိုင်ပေါက်ပီး မျက်ခွက်ကို သုံးလေးချက်လောက် ဆင့်ထိုးလိုက်တယ်

Cupid System2(Completed)Where stories live. Discover now