Chapter - 26

4K 436 30
                                    

Unicode

အပိုင်း ၂၆။ ယာယီစစ်စခန်း

လီဟွားမြို့မှ နှုတ်ဆက်ပါ၏။

ဆိုသည့် ဆိုင်းဘုတ်ကို ကျော်လာသည့်အခါ ရှောင်းကျန့်၏ နှလုံးခုန်နှုန်းက ပုံမှန်ထက် ပိုမြန်ဆန်လာသည်။ လီဟွားမြို့ကို ကျော်သည်နှင့် နယ်စပ်ရောက်ဖို့ သိပ်မလှမ်းတော့ကြောင်းကို ​မြင်းလှည်းသမားဆီက ကြားသိခဲ့ရသည်။ မင်းကြီးပေးခဲ့သည့်မြေပုံကလည်း လီဟွားမြို့မှသာစ၍ ပါသောကြောင့် သူ၏ပန်းတိုင်နေရာ မင်းသားဝမ်၏စစ်စခန်းနှင့် မြို့၏အကွာအဝေးကို ခန့်မှန်း၍ရနိုင်နေပြီဖြစ်သည်။ လီဟွားမြို့ပြင်ရှိ ရွာအနည်းငယ်ကို ဖြတ်ကျော်ပြီးလျှင် သူ့ရည်မှန်းနေရာကို ရောက်ပြီဖြစ်သ​ည်။ မင်းသားဝမ်နှင့် ဆုံတွေ့နိုင်တော့မည်ဖြစ်ကြောင်းကို တွေးမိသည့်အခါ သူ၏ခြေလှမ်းတို့က ယခင်ကထက် ပိုတက်ကြွမြန်ဆန်လာသည်။

မင်းသားဝမ်ဆိုသည့် အတွေးပုံရိပ်လေးကတင် သူ့အတွက် ပင်ပန်းမှု၊ နာကျင်မှုများ၏တစ်ဝက်လောက်နီးပါးကို လျော့ကျစေသည်။ မင်းသားဝမ်ကိုသာ ​မြင်တွေ့ရလျှင် လုံးဝပျောက်ကင်းသွားပေမည်လား...။

တိမ်လွှာများကြားမှ နေလုံးကြီးက တရိပ်ရိပ်နှင့် ပျောက်ကွယ်လာသည်ကို မြင်ရသည်က မကြာခင် တစ်ဖန်ညရောက်တော့မည်ဖြစ်ကြောင်းကို ပြသနေသည်။ ဤနယ်ဘက်များတွင် နေထိုင်သည့်လူများက စစ်ဘေးရှောင်သွားကြပြီမို့ ညဘက်ဆိုလျှင် အလွန်တိတ်ဆိတ်ငြိမ်သက်လွန်းသည်။ ထိုအရာက ရှောင်းကျန့်ကို ကြောက်လန့်စေသည်မှာ အမှန်ပင်။ ညအမှောင်ထဲတွင် သူတစ်ယောက်တည်းသာရှိနေပြီး ဆူညံမှုပြုနေသည့်လူကလည်း သူတစ်ယောက်တည်းသာရှိနေသည်ဆိုသည့် အသိက ထင်ထားသည်ထက်ပင် ချောက်ချားစေသည်။ ပိုဆိုးသည်က အနှီရွာများက သူနှင့် လုံးဝကို စိမ်းသက်နေလေသည်။

ဤရွာကိုလွန်လျှင်တော့ မင်းသားဝမ်တို့၏ ယာယီစစ်စခန်းကို တွေ့နိုင်လောက်ပါသည်။

ရှောင်းကျန့်က သူ့ကိုယ်သူ အားပေးရင်း ခြေလှမ်းများကို ပိုအရှိန်တင်လိုက်သည်။ ဤပုံစံအတိုင်းဆက်သွားနေလျှင်တော့ သူ့ဒူးများက ဒဏ်ဖြစ်လာနိုင်သည်မှာ မလွဲမသွေပေ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now