No.5

213 13 4
                                    

သူက ဟန်ဆောင်ဖုံးကွယ်မှုတွေများတဲ့
အမျိုးသားတစ်ယောက်ပဲ။တကယ်နေနိုင်တာလား ကျင့်သားရသွားတာလားလို့ ဝေခွဲမရနိုင်အောင် နေနိုင်လွန်းတယ်။တကယ်တော့
ကဗျာဆန်ဆန်နူးညံ့ချင်ယောင်ဆောင်နေတာတွေကို ဖယ်လိုက်ရင် ငါလည်း သူ့ကိုအမြဲချစ်ချင်နေတော့ ဘယ်ဟုတ်ပါ့မလဲ။ ငါကိုယ်တိုင်ခွင့်ပြုထားခဲ့တာဆိုတဲ့ အချက်ကိုသာ ထည့်မတွက်ရင် သူက ငါ့ဘဝထဲ စီးကရက်တွေ,အနက်ရောင်နဲ့ နေကြာပန်းတွေအများကြီး ပစ်ထည့်သွားခဲ့တဲ့သူလေ။ ဘယ်လောက်ထိလဲဆို ငါ့မှာရှိနေသမျှ အဝတ်အစားတွေကို အနက်ရောင်အဖြစ်ပြောင်းပစ်ချင်မိတဲ့အထိပဲ။ပြီးတော့ အဲ့ဒါက
ငါ့သွေးကြောထဲထိ ဖြာထွက်နေခဲ့ပြီး ငါ့ကို
ပိုပြီးရူးသွပ် မြတ်နိုးအောင် စနစ်တကျပြုစားတော့တာ။ပုံမှန်ဆို ဘယ်အရာပဲဖြစ်ဖြစ် ငါ့မှာ သဘောကျတယ်ဆိုတာထက် ပိုတာမရှိခဲ့ဖူးဘူး။
အဲ့ဒီလိုပဲ အခြားလူတွေ ဘာကြိုက်တတ်လဲဆိုတာလည်း စိတ်ဝင်တစားသိချင်ခဲ့တာမျိုးမရှိခဲ့ဘူး။မြင်ပါများလို့ တိုက်ဆိုင်သွားလို့ မှတ်မိသွားတာမျိုးကလွဲရင်ပေါ့။ပြောရရင်သဘောကျတယ်လို့ ငါထင်ခဲ့ဖူးတဲ့ ပန်းရောင်ကိုတောင်မှ သူကြိုက်တဲ့အနက်ရောင်လောက်တွေးဖြစ်တာမဟုတ်ဘူး။နောက်ထပ်ရော ဘာတွေများကြိုက်တတ်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ငါ့ဦးနှောက်တစ်ခုလုံးအပြည့်ဖြည့်ထားလိုက်သလိုခံစားရတဲ့နေ့ရက်တွေလည်း တကယ့်ကိုများလာတယ် ။
ဒါကို မကြိုက်တာတော့မဟုတ်ပေမယ့်
တခါတလေတော့
စိတ်ရှိလက်ရှိကျိန်ဆဲပစ်လိုက်ချင်တာပဲ။
အထူးသဖြင့်...ဒီ့ထက်ပိုပြီး
သူ့အကြောင်းတွေ
သိခွင့်မရတော့တဲ့ကာလတွေမှာပေါ့။

The reasons why you are my winterWhere stories live. Discover now