"ဆောင်းရာသီဆန်တယ်ဆိုပေမယ့်
ဒါက အကြောင်းပြချက်တော့မဟုတ်ခဲ့ဘူး"မှော်ဆန်ဆန်ဖြစ်ရပ်တွေလည်း
လက်တွေ့ဘဝမှာ
ရှိလာနိုင်တယ်လို့ ယုံကြည်ဖူးလား။
ပုံမှန်ဒီဂရီအတိုင်း လည်ပတ်နေတဲ့တနေ့တာက ရုတ်တရက် စိတ်ဝင်စားစရာ
ကောင်းလာခဲ့ရင် အံ့အားသင့်သွားမလား။
ရုပ်ရှင်ဇာတ်ကွက်မဟုတ်ပေမယ့်
လမ်းထောင့်ချိုးတိုင်းကို ဝင်တိုက်နေခဲ့ရင်ရော နောက်ထပ်
အချစ်ကိုတိုက်မိနိုင်လိမ့်မယ်ထင်လား။
ကြုံတွေ့ဖူးရင် သိလာပါလိမ့်မယ်။
တကြိမ်တခါနဲ့ပဲ
တဘဝစာ လုံလောက်သွားတတ်တာမျိုးလေ
အဲ့ဒီနတ်သမီးပုံပြင်ဆန်ဆန်ဖြစ်ရပ်တွေကပေါ့...။(1)
နေ့စဉ်ဖြစ်ပျက်နေတဲ့ထပ်တူညီမှုတွေကြားထဲ
တိုးဝင်လာတဲ့ ထူးခြားဆန်းကြယ်မှုလေးလို့
ပြောရမလား။
စိတ်ကူးယဉ်ဆန်တယ်ဆိုလည်း
ဘဝမှာ နတ်သမီးပုံပြင်တွေထဲကလို
သူရဲကောင်းမင်းသားလေးပေါ်လာရင်
ကောင်းမယ်။
"ဟင့်အင်း တောင့်မခံနိုင်တော့လို့ပါ"လို့
ဘာကိုမှ မတွေးဘဲ ဖွင့်ဟဝန်ခံရင်း
အကယ်တင်ခံဖူးချင်တယ်။
အဲ့ဒီလိုငါ့အတွက် စတွေ့ကတည်းက
သူကထူးခြားနေခဲ့တယ် ။
ဒီအတိုင်း လောဘကြီးကြီး ဆွဲထားချင်မိတဲ့ လက်တစုံဖြစ်ခဲ့တာ။
တကယ်တော့
အေးတိအေးစက်နိုင်မှန်းမသိခင်ကတည်းက
သူက ဆောင်းရာသီတခုဖြစ်နေပြီးသားပါပဲ..။
ရေခဲတုံးဖြစ်နေလို့မဟုတ်ဘဲ
အေးစက်တယ်ဆိုတဲ့
အလွှာပါးလေးအုပ်ထားလို့မဟုတ်ဘဲ
ဒီအတိုင်း ဆောင်းရာသီလေး။
ငါ့ရဲ့ဆောင်းရာသီလေးမဟုတ်တဲ့
ငါ့အတွက်ဆောင်းရာသီလေး။ပြောရရင် တိုးဝင်လာတဲ့
ထူးခြားဆန်းကြယ်မှုလေးဆိုတာထက်
ငါကိုယ်တိုင်ဆွဲသွင်းမိတဲ့
ရေစက်လေးဖြစ်ခဲ့တယ်ထင်တယ်။
အဲ့ဒီလို သူကလေ...
Zawgyi
"ေဆာင္းရာသီဆန္တယ္ဆိုေပမယ့္
ဒါက အေၾကာင္းျပခ်က္ေတာ့မဟုတ္ခဲ့ဘူး"ေမွာ္ဆန္ဆန္ျဖစ္ရပ္ေတြလည္း
လက္ေတြ့ဘဝမွာ
ရိွလာႏိုင္တယ္လို႔ ယံုၾကည္ဖူးလား။
ပံုမွန္ဒီဂရီအတိုင္း လည္ပတ္ေနတဲ့တေန့တာက ရုတ္တရက္ စိတ္ဝင္စားစရာ
ေကာင္းလာခဲ့ရင္ အံ့အားသင့္သြားမလား။
ရုပ္ရွင္ဇာတ္ကြက္မဟုတ္ေပမယ့္
လမ္းေထာင့္ခ်ိဳးတိုင္းကို ဝင္တိုက္ေနခဲ့ရင္ေရာ ေနာက္ထပ္
အခ်စ္ကိုတိုက္မိႏိုင္လိမ့္မယ္ထင္လား။
ႄကံုေတြ့ဖူးရင္ သိလာပါလိမ့္မယ္။
တႀကိမ္တခါနဲ႔ပဲ
တဘဝစာ လံုေလာက္သြားတတ္တာမ်ိဳးေလ
အဲ့ဒီနတ္သမီးပံုျပင္ဆန္ဆန္ျဖစ္ရပ္ေတြကေပါ့...။(1)
ေန့စဉ္ျဖစ္ပ်က္ေနတဲ့ထပ္တူညီမႈေတြၾကားထဲ
တိုးဝင္လာတဲ့ ထူးျခားဆန္းၾကယ္မႈေလးလို႔
ေျပာရမလား။
စိတ္ကူးယဉ္ဆန္တယ္ဆိုလည္း
ဘဝမွာ နတ္သမီးပံုျပင္ေတြထဲကလို
သူရဲေကာင္းမင္းသားေလးေပၚလာရင္
ေကာင္းမယ္။
"ဟင့္အင္း ေတာင့္မခံႏိုင္ေတာ့လို႔ပါ"လို႔
ဘာကိုမွ မေတြးဘဲ ဖြင့္ဟဝန္ခံရင္း
အကယ္တင္ခံဖူးခ်င္တယ္။
အဲ့ဒီလိုငါ့အတြက္ စေတြ့ကတည္းက
သူကထူးျခားေနခဲ့တယ္ ။
ဒီအတိုင္း ေလာဘႀကီးႀကီး ဆဲြထားခ်င္မိတဲ့ လက္တစံုျဖစ္ခဲ့တာ။တကယ္ေတာ့
ေအးတိေအးစက္ႏိုင္မွန္းမသိခင္ကတည္းက
သူက ေဆာင္းရာသီတခုျဖစ္ေနၿပီးသားပါပဲ..။
ေရခဲတံုးျဖစ္ေနလို႔မဟုတ္ဘဲ
ေအးစက္တယ္ဆိုတဲ့
အလႊာပါးေလးအုပ္ထားလို႔မဟုတ္ဘဲ
ဒီအတိုင္း ေဆာင္းရာသီေလး။
ငါ့ရဲ့ေဆာင္းရာသီေလးမဟုတ္တဲ့
ငါ့အတြက္ေဆာင္းရာသီေလး။ေျပာရရင္ တိုးဝင္လာတဲ့
ထူးျခားဆန္းၾကယ္မႈေလးဆိုတာထက္
ငါကိုယ္တိုင္ဆဲြသြင္းမိတဲ့
ေရစက္ေလးျဖစ္ခဲ့တယ္ထင္တယ္။
အဲ့ဒီလို သူကေလ...