No.7

184 10 1
                                    

(၁)

ဒီလိုသာကြိုသိခဲ့ရင်လို့ ပြောနေပေမယ့် အရင်အချိန်တွေ ပြန်ရောက်ခဲ့ရင်လည်း ခရမ်းပြာရောင်ပန်းတွေ ကြိုက်တတ်ရဲ့လားလို့
မေးမိမယ်မထင်ပါဘူး။ မချစ်ဘူးဆိုတဲ့
အဖြေစကားရခဲ့ပြီးနောက်မှာ သဘောကျတယ်လို့ သူဆိုခဲ့ရင်တောင် သူချစ်တဲ့မိန်းကလေးပေးတဲ့ပန်းပွင့်တွေနဲ့တော့ မယှဉ်နိုင်မှန်း အသေအချာသိနေပြီးဖြစ်လို့ပါပဲ။အဓိကကျတဲ့အချက်ကတော့ ကျနော်ဟာသူ့အငြင်းစကားမှာ ပေးခဲ့သမျှပန်းပွင့်တွေ ထပ်မံပြာကျသွားမှာကြောက်နေခဲ့တယ်ဆိုတာပါ။

(၂)
ဒါပေမယ့် ၂နှစ်နီးပါးအချိန်ယူပြီးတဲ့နောက်
"ပန်းခရမ်းပြာတွေ ကြိုက်တတ်လား"လို့ ခရမ်းပြာရောင်ပန်းပုံတွေပြပြီး မေးဖြစ်ခဲ့ပါတယ်။"အင်း လှတယ်"တဲ့။အဲ့ဒီအချိန် ကျနော့်ဦးနှောက်အတွင်းပိုင်းတစ်နေရာမှာ မီးသတ်ကားအချက်ပေးသံတွေဆူညံလို့ပေါ့။မရေရာတဲ့အဖြေစကားမှာ ကျနော်ဆိုလိုတာ ပန်းပွင့်တွေမဟုတ်ဘူးလို့ မပြောရဲခဲ့ဘူး။မီးသတ်ကားအချက်ပေးသံတွေကတော့ ဆူညံနေဆဲပါပဲ။
ကျနော်မသိတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခု
မီးလောင်ခံလိုက်ရသလိုမျိုး...။

(၃)
နောက်တော့ ကျနော်တို့ဆက်ဆံရေးမှာ ဖာထေးလို့မရတဲ့ အက်ကြောင်းတွေပိုများလာခဲ့ပါတယ်။စစ်နိုင်ရေးတဲ့ ကဗျာစာသားရှိတယ်။ ဆံပင်ကခေါင်းပေါ်မှာဆို အရေးပါတဲ့အစိတ်အပိုင်းပေမယ့် ကျွတ်ကျခဲ့ရင်တော့ အမှိုက်ပဲ။ကျနော်ဟာ ခင်ဗျားဘဝထဲက အဲ့လိုနေရာလွဲမှားနေတဲ့အမှိုက်ပါ ငါ့ကိုဂရုစိုက်ပါတဲ့။ဒါပေမယ့် ဘယ်သူကရော သူတို့ သိပ်အရေးပါချင်ခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝမှာ သူဟာပိုနေတဲ့အမှိုက်တစ်စသာဖြစ်ကြောင်း အလွယ်တကူလက်ခံနိုင်ခဲ့ပါ့မလဲ။

(၄)
ထုံးစံအတိုင်း အေးစက်စက်ဆောင်းရာသီကတော့ ကျနော့်ကိုရွေးချယ်ခွင့်အများကြီး
မပေးခဲ့ပြန်ပါဘူး။အရေးမပါတဲ့မျှော်လင့်ချက်တွေထားနေမယ့်အစား တိတ်တဆိတ်လက်သင့်
ခံရုံကလွဲပြီး အခြားမရှိတဲ့နောက်မှာတော့ ကျနော်အသည်းကွဲတာတော့တာပဲ။ပျိုးခဲ့သမျှ ပန်းခရမ်းပြာတွေ အကုန်ဖျက်စီးပစ်မယ်လို့လည်း ယုံကြည်ချက်အပြည့် ကြုံးဝါးခဲ့တာပေါ့။

The reasons why you are my winterDonde viven las historias. Descúbrelo ahora