စီးကရက်တွေကို အရသာမခံခင်
ပထမဆုံးလုပ်သင့်တာကတော့ အန္တရာယ်ရှိသည်ဆိုတဲ့စာသားကို နောက်တခေါက် ထပ်ဖတ်ဖို့ပါပဲသူက သတိပေးချက်တွေ မကြာခဏ ထုတ်ပြန်လေ့ရှိတဲ့ လူဆိုးလေးလည်းဖြစ်ပါတယ်။
ကိုယ်ကလူဆိုးပါလို့ တဖွဖွပြောနေတတ်ပြီး
တခါတလေတော့ ကိုယ်ကမကောင်းဘူးနော်
လို့လည်း ပြောလေ့ရှိတယ်။
ဒီအခိုက်အတန့်က
အရေးပါတာမို့ လွတ်သွားလို့မရဘူး
မှတ်မိနေဖို့လိုတယ်လို့ခံစားမိတဲ့ အချိန်တိုင်း
ကျနော့်ဦးနှောက်အတွင်းပိုင်းတနေရာမှာ
ပန်းတွေပွင့်လာတတ်တယ်။
အဲ့ဒီလို သူကတော့ ကျနော့်မှတ်ဉာဏ်အစိတ်အပိုင်းတော်တော်များများမှာ သတိပေးချက်နဲ့အတူ
အမြစ်တွယ်နေခဲ့တဲ့ ပန်းပွင့်လေးပါပဲ။ချစ်ခြင်းမေတ္တာဟာ
အမြဲ ပျော်ရွှင်အောင်လုပ်မပေးနိုင်သလို
အမြဲဝမ်းနည်းစေတတ်တာမျိုးလည်း
မဟုတ်ပါဘူး။ ချစ်ရတဲ့လူတွေကလည်း
ကျနော်တို့ကို ထိခိုက်နာကျင်စေပါလိမ့်မယ်။
အဲ့ဒီလိုဆိုရင်တောင်
ကျနော်တို့အနေနဲ့
ပိုပြီးပျော်ရွှင်အောင်ဖန်တီးပေးနိုင်တဲ့
တည်ရှိမှုတွေကို
ရွေးချယ်ဖမ်းဆုပ်ထားနေမိဦးမှာပဲ မဟုတ်လား။"စီးကရက်ကို မရှိုက်ဖွာခင်
သတိပေးချက်စာတန်းကို ထပ်ဖတ်လိုက်ပါ။
ဒါကပဲ
သင့်ကိုပိုပြီး နစ်ဝင်ရူးသွပ်စေပါလိမ့်မယ်။"Zawgyi
စီးကရက္ေတြကို အရသာမခံခင္
ပထမဆံုးလုပ္သင့္တာကေတာ့ အႏၲရာယ္ရိွသည္ဆိုတဲ့စာသားကို ေနာက္တေခါက္ ထပ္ဖတ္ဖို႔ပါပဲသူက သတိေပးခ်က္ေတြ မၾကာခဏ ထုတ္ျပန္ေလ့ရိွတဲ့ လူဆိုးေလးလည္းျဖစ္ပါတယ္။
ကိုယ္ကလူဆိုးပါလို႔ တဖြဖြေျပာေနတတ္ၿပီး
တခါတေလေတာ့ ကိုယ္ကမေကာင္းဘူးေနာ္
လို႔လည္း ေျပာေလ့ရိွတယ္။
ဒီအခိုက္အတန႔္က
အေရးပါတာမို႔ လြတ္သြားလို႔မရဘူး
မွတ္မိေနဖို႔လိုတယ္လို႔ခံစားမိတဲ့ အခ်ိန္တိုင္း
က်ေနာ့္ဦးေနွာက္အတြင္းပိုင္းတေနရာမွာ
ပန္းေတြပြင့္လာတတ္တယ္။
အဲ့ဒီလို သူကေတာ့ က်ေနာ့္မွတ္ဉာဏ္အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားမွာ သတိေပးခ်က္နဲ႔အတူ
အျမစ္တြယ္ေနခဲ့တဲ့ ပန္းပြင့္ေလးပါပဲ။ခ်စ္ျခင္းေမတၲာဟာ
အၿမဲ ေပ်ာ္ရႊင္ေအာင္လုပ္မေပးႏိုင္သလို
အၿမဲဝမ္းနည္းေစတတ္တာမ်ိဳးလည္း
မဟုတ္ပါဘူး။ ခ်စ္ရတဲ့လူေတြကလည္း
က်ေနာ္တို႔ကို ထိခိုက္နာက်င္ေစပါလိမ့္မယ္။
အဲ့ဒီလိုဆိုရင္ေတာင္
က်ေနာ္တို႔အေနနဲ႔
ပိုၿပီးေပ်ာ္ရႊင္ေအာင္ဖန္တီးေပးႏိုင္တဲ့
တည္ရိွမႈေတြကို
ေရြးခ်ယ္ဖမ္းဆုပ္ထားေနမိဦးမွာပဲ မဟုတ္လား။"စီးကရက္ကို မရိႈက္ဖြာခင္
သတိေပးခ်က္စာတန္းကို ထပ္ဖတ္လိုက္ပါ။
ဒါကပဲ
သင့္ကိုပိုၿပီး နစ္ဝင္ရူးသြပ္ေစပါလိမ့္မယ္။"