No.6

195 9 0
                                    

နားလည်ရခက်တယ်လို့ ကောက်ချက်မချလိုက်ခင် သူ့ကိုနားလည်နိုင်ဖို့ အကြိမ်ပေါင်းများစွာကြိုးစားခဲ့ပါတယ်။ဒါပေမယ့် သူ့ရင်ထဲမှာ ကိုယ့်အတွက် နေရာတစ်ခုတော့ ရှိလိမ့်မယ်လို့ ထင်မှားနေတတ်တဲ့စိတ်ကလေးဟာ တဖြည်းဖြည်းအညှောင့်ပေါက်လာပြီး သူ့ကိုနားလည်ဖို့ကြိုးစားချိန်တိုင်း ကိုယ်လိုရာဆွဲတွေးတတ်အောင် ပြုစားတော့တာ...။တကယ်ဆို"ငါမင်းကို မချစ်ဘူး။
ဘယ်တော့မှ ချစ်လာမှာလည်းမဟုတ်ဘူး"ဆိုတဲ့
အဖြေစကားမှာ အရာရာပြာကျခဲ့ရမှာပါ။
မျှော်လင့်ချက်အမှားတွေ မပေးချင်သူက အငြင်းဝါကျတွေပဲ ဆက်တိုက်ထုတ်လွှင့်ခဲ့ပေမယ့် ဘယ်တော့မှချစ်လာမှာမဟုတ်ကြောင်း လက်ခံနိုင်ဖို့ ၃နှစ်တာနီးပါး အချိန်ယူရလောက်အောင် ဒီလိုရူးမိုက်ခဲ့ပါတယ်။တကယ်တော့တဖက်သတ်ချစ်ခြင်းရဲ့ အနာကျင်ရဆုံးအခိုက်အတန့်က ပြန်မချစ်နိုင်တာအပြင် ကိုယ်ဟာ ဒီလူအတွက်
ဝန်ထုပ်ဝန်ပိုဖြစ်စေရုံကလွဲပြီး အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်မရှိတော့ကြောင်း နာနာကျင်ကျင်လက်ခံလိုက်ရချိန်ပါ။ပြီးတော့ တချိန်တည်းမှာပဲလူတစ်ယောက်ကိုနားလည်ဖို့ ကြိုးစားနေစရာမလိုဘဲ သူပြောတဲ့ ငြင်းဆိုချက်တွေမှာ အစကတည်းက သဘောပေါက်နားလည်ခဲ့သင့်မှန်းသိလာတယ်။ဒီလိုသာကြိုသိခဲ့ရင် ပန်းခရမ်းပြာတွေ မပျိုးခင် မင်းကြိုက်တတ်ရဲ့လားလို့
မေးခွန်းထုတ်ခဲ့မိမှာပေါ့ အချစ်ရယ်။ အခုတော့
ပေးပို့ခွင့်မရှိတော့တဲ့ ပန်းခရမ်းပြာတွေ ထိန်းမနိုင်သိမ်းမရ ပေါက်ရောက်နေလိုက်တာ ကိုယ့်နံရိုး
ကြားအတွင်းနံရံတစ်လျှောက် ပန်းတစ်ခင်းစာအပြည့်...။

The reasons why you are my winterWhere stories live. Discover now