Chapter - 27

4.1K 428 28
                                    

Unicode

အပိုင်း ၂၇။ ကုသရခက်သောအဆိပ်

အထဲမှ မြင်ကွင်းကြောင့် ရှောင်းကျန့်၏ အပြုံးများက တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။ တဲအတွင်းရှိ ကုတင်ထက်တွင် မင်းသားဝမ်က လဲလျောင်းလျက်ရှိနေပြီး ဘေးရှိ သမားတော်ဖြစ်ပုံရသူကလည်း စိတ်ပျက်ဟန်ရှိနေသည်။

" သ...သမားတော်ကြီး...ဘာလို့လဲဟင်။ မင်းသားဝမ်ကို မကုပေးဘူးလား... "

မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်၍ မေးမိသည့်အခါ သူ၏အသံများက ထိန်းမရအောင်ပင် တုန်ယင်နေတော့၏။ မျက်ဝန်းများကြားက ဝေ့တက်လာသည့် မျက်ရည်များက သူ၏မြင်ကွင်းကို တဖြည်းဖြည်းဝေဝါးလာစေသည်။

သက်ပြင်းချ၍ ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလာသည့် သမားတော်ကို လျစ်လျူရှု၍ ရှောင်းကျန့်က မင်းသားဝမ်ရှိရာကို ချဉ်းကပ်သွားသည်။

မင်းသားဝမ်က အဆိပ်မိနေရုံပါပဲ။ အဆိပ်ရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့်သာ အခုလို အိပ်ပျော်နေရခြင်း ဖြစ်ပါလိမ့်မယ်။

" မင်းသား ၆ ကိုယ်ထဲက အဆိပ်က ရှားပါးလွန်းတဲ့ ဟေးရွှယ်အဆိပ်ပဲ။ အဲ့အဆိပ်ကို ဖော်စပ်ခဲဲ့တဲ့ဂိုဏ်းကတောင် အဆိပ်ဖြေဆေးမရှိဘူးလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ ဒဏ္ဍာရီအရတော့ ဖြေဆေးကို ဖော်စပ်နိုင်ခဲ့သူရှိပေမယ့် ဘယ်သူမှ ဖြေဆေးကို မမြင်ဖူးကြဘူး "

သမားတော်၏စကားက သူ၏ရင်ဝကို ဓားတစ်ချောင်းနှင့် ထိုးစိုက်လိုက်သလိုပင်။ စူးနင့်လာသည့် ခံစားချက်နှင့်အတူ သူ၏နှလုံးသားဟာလည်း တင်းကျပ်လာသည်။ သူ့အမြင်ကို ကြည်လင်စေရန်အတွက် မျက်ရည်များကို လွတ်လပ်စွာကျဆင်းခွင့်ပေးလိုက်ပြီး မင်းသားဝမ်၏ ဘေးတွင် နေရာယူထိုင်လိုက်သည်။ ရှောင်းကျန့်က တုန်ယင်နေသည့်သူ၏လက်များကို ထိန်းချုပ်၍ မင်းသားဝမ်၏ ကျယ်ပြန့်ပြန့်လက်ဖဝါးကို ဆုပ်ကိုင်ထားလိုက်သည်။ အေးစက်နေသည့်လက်ဖဝါးကြောင့် ရှောင်းကျန့်က မင်းသားဝမ်ကို နွေးနွေးထွေးထွေးနေစေပြီး လက်ဖဝါးများကိုတော့ အာငွေ့ပေးကာ ပွတ်သပ်ပေးသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now