Chapter - 28

4K 418 16
                                    

Unicode

အပိုင်း ၂၈။ အဆိပ်ဖြေဆေး

" အတင့်ရဲလိုက်တာ! ငါက မင်းသား ၆ ဝမ်ရိပေါ်ရဲ့ ​ကိုယ်လုပ်တော်ရှောင်းကျန့်နော်! "

ရှောင်းကျန့်က တံတွေးနှင့်အတူ သူ၏ကြောက်စိတ်များကို မျိုချ၍ အသံကို တည်ငြိမ်အောင် ​လုပ်ယူပြောရသည်။

" .... "

ထိုလူများက ရှောင်းကျန့်၏ ခြိမ်းခြောက်စကားကို ပြန်လည်တုံ့ပြန်လာခြင်းမရှိသလို၊ သူ့လည်တိုင်ပေါ်မှ ဓားများကိုလည်း ပြန်မရုတ်သွားသေးပေ။ ရှောင်းတိုင်းပြည်ဘက်ကဆိုပါက သူ့ကို ရှောင်းကျန့်မှန်းသိသည်နှင့် အန္တရာယ်ပြုမည်မဟုတ်မှာသေချာသည်။ ထို့ကြောင့် ထိုလူများက ရှောင်းတိုင်းပြည်ဘက်က မဟုတ်ဘဲ ဝမ်တိုင်းပြည်ဘက်ကသာဖြစ်မည်ဟု ရှောင်းကျန့်က ကောက်ချက်ချလိုက်ပြီးနောက် အနည်းငယ်စိတ်သက်သာရာရသွားသည်။ ဝမ်တိုင်းပြည်ဘက်ကလူများက မင်းသားဝမ်ကို အန္တရာယ်ပြုမှာတော့ မဟုတ်ချေ။ သို့သော် ဘာကြောင့်များ သူ့ကို ဤကဲ့သို့ ဆက်ဆံနေရပါသနည်း။

" ကျွန်တော် မင်းသားဝမ်ကို ဆေးတိုက်မလို့ "

" ဆေး? "

ရှောင်းကျန့်၏အနောက်မှ မေးခွန်းပြုသံတစ်ခုထွက်လာပြီးနောက် နောက်တစ်ယောက်ကလည်း စကားစလာသည်။

" ဆေးလား အဆိပ်လားဆိုတာ မင်းဘယ်လိုသက်သေပြမှာလဲ "

" .... "

ရှောင်းကျန့်၏ မျက်ခုံးများက ထပ်မံတွန့်ချိုးလာ၏။ သူထပ်ပြီး သံသယဝင်ခံနေရပြန်ပြီ။ သို့သော် ဒါက မင်းသားဝမ်၏လုံခြုံရေးကြောင့်ဆိုသည်ကို တွေးမိပြန်တော့ ရှောင်းကျန့်၏ မျက်နှာက တစ်ဖန်ပြေလျော့သွားသည်။

" ဒါက မင်းသားဝမ်အတွက် အဆိပ်ဖြေဆေးပါ "

" မင်းလိမ်မယ်ဆိုလည်း ယုတ္တိရှိရှိလိမ်းစမ်းပါ။ တော်ဝင်သမားတော်ကတောင် အဆိပ်ဖြေဆေးကို မမြင်ဖူးဘူးလို့ပြောသွားတာ ငါတို့မကြားလိုက်ဘူးထင်လို့လား "

ဒါဆို သူတို့ သူ့ကို စောင့်ကြည့်နေတာကြာပြီပေါ့။

" ရှောင်းတိုင်းပြည်မှာ အဆိပ်ရှိမှတော့ အဆိပ်ဖြေဆေးလည်း သေချာပေါက် ရှိတာပေါ့ "

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now