Part 1

1.7K 146 16
                                    

Safflower

ပန်းကြာပွင့်တဲ့
ဒီနေ့ပန်းကြာပွင့်လေးတွေကို အရိပ်ထဲမှာလှန်းထားတာ ၅ရက်ပြည့်တဲ့နေ့။
တနည်းပြောရရင် ကျနော့်အတွက် အရာရာကို အဆုံးအဖြတ်ပေးမယ့်နေ့။

လက်ဖက်ခြောက်အနံ့တွေလှိုင်လှိုင်သင်းပြီး အခြေကြီးတဲ့အိမ်တော်မှာ သူကြီးပြင်းခဲ့ရသည်။
တမူထူးခြားတဲ့ Herbal Teaတွေကို မျိုးရိုးစဉ်ဆက်အလိုက်လက်ဆင့်ကမ်းလေ့ရှိတဲ့ အလေ့အထအပြင် မျိုးရိုးဆက်ခံသူတစ်ယောက်က ကိုယ်ပိုင်ဟန်နဲ့ Herbal Teaတစ်ခုကို ရှာဖွေတတ်ရမည်။
ပြီးတော့ အဲ့ဒီHerbal Teaကို အိမ်တော်ထဲက လူကြီးသူမများအပြင် သာမာန်လူအများလက်ခံနိုင်ရမည်။
ယနေ့အချိန်အထိ အဖိုးဖြစ်သူလုပ်ခဲ့တဲ့ Saffron (ကုံကုမာ)ပန်းခြောက် ရေနွေးကြမ်းက လူကုံထံအသိုင်းအဝိုင်းကြား အခုအထိရေပန်းစားနေဆဲ။
ဖေဖေကတော့ Teaအသစ်တစ်ခုရဖို့ တစ်သက်လုံးကြိုးစားနေခဲ့ပေမယ့် အရာမထင်ခဲ့။
ဒါကြောင့် အားလုံးရဲ့မျှော်လင့်ချက်က သူ့အပေါ်ပုံကျလာသည်။

သူ ခေါင်းကို ခါရမ်းလိုက်ပြီး ပန်းတွေအခြောက်လှမ်းထားတဲ့ ဂိုထောင်တံခါးကို ဆွဲဖွင့်လိုက်သည်။
သူ့လက်နဲ့ ကိုယ်တိုင် ဆွတ်ခူးခဲ့တဲ့ပန်းကြာပွင့်လေးတွေက သခင်ပြန်လာဟန်ကို ကြိုဆိုနေသယောင်။ ခြောက်နေပေမယ့် သူ့နဂိုဟန်ပန်ကို မစွန့်နိုင်ပဲ အနီရောင်သန်းနေဆဲ။ရနံ့လှိုင်နေဆဲ။

ဝါးဇကာပေါ်က ပန်းခြောက်လေးတွေကို ညာဘက်လက်ဖျားလေးဖြင့် ညင်ညင်သာသာယူလိုက်ပြီး ဘယ်ဘက်လက်ဖဝါးပေါ်တင်လိုက်သည်။
ထို့နောက် နူးနူးညံ့ညံ့နမ်းရှိုက်လိုက်မိသည်။

"ဖိုးဖိုးရဲ့ကုံကုမာလေးတွေလိုပဲ အမြဲမွှေးရမယ်နော်"

ပွင့်ချပ်လေးတွေကို ဗန်းထဲပြန်မထည့်တော့ပဲ အသင့်ပါလာသည့် ဆီစိမ်စက္ကူလေးဖြင့်ထုတ်ရင်း အင်္ကျီအိတ်ကပ်လေးထဲ ထည့်လိုက်သည်။ပန်းဂိုထောင်ထဲက ပန်းကြာပွင့်လေးအားလုံးကို နှုတ်ဆတ်သလို ပြုံးပြလိုက်ပြီး အခန်းတံခါးကို ဆွဲပိတ်လိုက်သည်။ထို့နောက် လေးလံသော ခြေလှမ်းများဖြင့် အိမ်တော်ခန်းမသို့ထွက်လာလိုက်တော့သည်။

Yours(Ongoing)Where stories live. Discover now