အိမ်တော်ရဲ့စုဝေးရာခန်းမကြီးက ဒီနေ့မှ ပိုကျဉ်းနေသလိုပဲ။
အစဉ်အဆက် ဧည့်သည်ပေါင်းများစွာ ဧည့်ခံခဲ့အခန်းကို မဆီမဆိုင်အပြစ်လှမ်းတင်ရင်းပင် ထိုလူစိမ်းနှင့်ဖိုးဖိုးရှိရာကို ငေးကြည့်လိုက်သည်။အရွယ်မတူတဲ့ ဖန်ဗူးလေး၂ခုကို ဆက်ထားတဲ့လက်ကိုင်အမည်းလေးက တလတ်လတ်တောက်နေသည်။ပိုသေးနေတဲ့ဖန်ဗူးထဲမှာ ပန်းပွင့်ခြောက်တွေကို ထည့်လိုက်ပြီး ဖန်ဗူး၂ခုကြား သံဇကာပါးပါးလေးကို ခြားလိုက်သည်။ထိုဖန်ဗူးလေးကို ရေနွေးထည့်ပြီးနောက် ဇကာဖုံးဖြင့် ပိတ်လိုက်ကာ ဖိုးဖိုးဘက်ကို လှမ်းကြည့်လိုက်ပြီး
"အဖိုးသောက်ချင်တဲ့အခါ ဒီဖန်ဗူးပေါ်ကို ဟော့ဒီဖန်ဗူးအကြီးလေးကို မှောက်တင်ရမယ်။တင်လိုက်ပြီးရင် ဒီလို လှည့်ပိတ်မယ်။ပြီးတော့..."
သဲနာရီများ နောက်တစ်ကြိမ်အသစ်ကပြန်စသလို အထက်အောက်ပြောင်းပြန်လှန်လိုက်သောအခါ ဖန်ဗူးအသေးအတွင်းမှ ရေပူများအောက်ဘက်က ဗူးကြီးအတွင်းစီးကျလာသည်။
အရောင်ပြောင်းစပြုနေတဲ့ ပန်းပွင့်ခြောက်ရေနွေးတွေကို ဗူးကြီးအတွင်းမြင်လာပါမှ
"ဟိုတုန်းကလို ဇကာနဲ့စစ်စရာ..မီးပြင်းပြင်းပေးစရာမလိုတော့ဘူး...အရွယ်အစားကလည်း Starbuck Coffeeဗူးလောက်ပဲ။ပိုတောင် စတိုင်ကျသေးတယ်.."
ပန်းပွင့်လက်ဖက်ရည်ကြမ်းကို တိတ်ဆိတ်စွာ ရှူရှိုက်ပြီး လျှာဖျားတင်လိုက်တဲ့ ဖိုးဖိုးက တစုံတရာမှတ်ချက်မပေးသေးဘဲ ငြိမ်နေတာကြောင့် Jungkookအားမလိုအားမရဖြစ်လာပြီး
"ရနံ့ရော...ရနံ့ရောဟင် ဖိုးဖိုး.."
ဖန်ဗူးလေးကို စားပွဲပေါ်ချလိုက်တဲ့ ဖိုးဖိုးက
"စံပယ်ခြောက်တို့ နှင်းဆီတို့ဆိုအဆင်ပြေမယ် ထင်တယ်..."